Part 7

1.8K 137 2
                                    

Unicode

မဟော်အသူရာကိုရောက်နေတဲ့ အတောအတွင်းမှာ လူးမိန်နွန် မင်းသားငယ်ကိုတွေ့ဖို့ခဲယဉ်းနေသည်။ မင်းသားငယ်ပျောက်သွားတဲ့ နေ့ကထဲက ပြန်ရောက်မလာဘူးလို့ ပြန်ကြားသိရသည်။ သူ့ကိုပဲရှောင်နေသလား သိရအောင် မင်းသားအဆောင်တော်ကို သွားပေမယ့် တကယ်လည်း မရှိတာကို သိလိုက်ရသည်။ ဘာဖြစ်နေတာလို့ ကိုယ့်နေရပ်ကို ပြန်မလာရတာလဲ။ ဘယ်ကိုသွားတာလဲလည်း မသိရ။

“မင်းကြီးကို ဂါရဝပြုပါတယ်၊ ကျွန်တော်မျိုး ရှေ့တစ်ရက်နေပြီးရင် နွန်းမိုင်ကို ပြန်တော့မှာဖြစ်ကြောင်း လာရောက်လျှောက်ပါတယ်”

“နွန်းမိုင်ရဲ့ အိမ်ရှေ့မင်းသားကို ကိုယ်တော်က သားတော်အကြီး နန်းတက်မင်းသားကို လိုက်ပါစောင့်ရှောက်စေမယ်၊ ရောက်လာတဲ့ အခိုက်အတန့်မှာ အဆင်ပြေရဲ့လား”

“မှန်လှပါ အရှင်၊ ပြေပါတယ်”

နှလုံးသားရေးရာနဲ့ နိုင်ငံရေးတွေကို ရောထွေးလို့မဖြစ်။ အရှင်က တကယ်ပဲ ကြည်ညိုဖို့ကောင်းသည်။ နန်းတက်မင်းသားကလည်း ဥပတိရုပ်ခံ ကောင်း၏။ မင်းသားငယ်ရဲ့ မျက်နှာက ပိုပြီးခက်ထန်တယ်လို့ခံစားရသည်။ အရှင်ရော နန်းတက်မင်းသားရော စကားပြောလို့ကောင်းပေမယ့် မင်းသားငယ်ကတော့ စကားပြောရတာ မပြေပစ်။ ဒါကိုပဲ လူးမိန်နွန် သဘောကျနေရတာမဟုတ်ဘူးလား။ စကားပြောပြီးတာနဲ့ လူးမိန်နွန် အဆောင်ကိုပြန်ကာ နားနေလိုက်သည်။

“ဒါနဲ့ သားတော်ရဲ့ ညီတော် အခုတလော မတွေ့မိပါလား”

“ညီတော် ဒီမနက်အစောပိုင်းက တွေ့လိုက်သေးတယ် ခမည်းတော်၊ လူပြည်ကို သွားသွားနေတာတော့ သိတယ် ခမည်းတော်”

“အိမ်း နွန်းမိုင်က မင်းသားပြန်တာနဲ့ သားတော်ငယ်ကို အပြင်ထွက်တာ ထိန်းသိမ်းဖို့လုပ်ရမယ် သားတော်”

ဘုရင်ကြီး သားတော်အကြီးအား သတိပေးစကားဆိုလိုက်သည်။ သားတော် အခုတလော လူ့ပြည်မှာ ဘာတွေသွာမွှေနေလဲ၊ ဘာကို အာရုံရနေလဲ မသိပေမယ့် ခဏခဏသွားနေမှန်း ဘုရင်ကြီးကိုယ်တိုင်လည်း သိသည်။ နွန်းမိုင်က မင်းသားရောက်လာတာရယ် သားတော်အကြီးက နွန်းမိုင်ရဲ့ မင်းသားကို သဘောကျနေတဲ့ ကိစ္စကို အတိုင်ပင်ခံ အမတ်တွေနဲ့ ဆွေးနွေးကာ ပုဏ္ဏားတွေကို တွက်ချက်ကြည့်ခိုင်းရသေးသည်။

ကျိန်စာပြယ်သစ္စာ {Complete}Wo Geschichten leben. Entdecke jetzt