Part 41

1.6K 112 11
                                    

U+Z

ဦးရီးတော်က အများနဲ့မတူပဲ ဘန်ဂလိုတစ်လုံးသာရှိတဲ့ တောင်ကြားမှာ မင်္ဂလာဦးခရီးကို စီစဉ်ပေးထားသည်။ တကယ်ကို ပတ်ဝန်းကျင်မှာ သက်ရှိတစ်ယောက်မှ ရှိမနေပေ။ အရှင်နဲ့သူပဲ ရှိနေသည်။

"အရှင် ဒါ ဘယ်နေရာလဲ"

"မင်္ဂလာဦးည ဖြတ်သန်းလို့ အကောင်းဆုံးနေရာလေ"

တကယ်ပါပဲ။ ဘယ်လိုတွေဖြေနေလဲ မသိပေ။ သူပြောချင်တာ အရပ်ဒေသကိုမေးတာ။ ဒါကို ဘယ်လိုတွေ ဖြေနေလဲမသိပေ။ ဘန်ဂလိုပြတင်းပေါက်ကနေ သူကအပြင်ကိုကြည့်နေတော့ သူခါးကိုဖက်ကာ နောက်ကနေလည်ပင်ကို ငုံ့နမ်းနေသည်။ ဘန်းဂလိုက တောင်ကြားမှာတည်ရှိတာကြောင့် အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းသည်။ အပြင်မှာ သူတို့မြင်နေရတာက တောင်တွေပဲဖြစ်ပြီး မြက်ခင်းစိမ်းတွေပဲဖြစ်သည်။ တစ်ခါတစ်ရံ ငှက်အော်သံကိုကြားရပြီး တစ်ခါတစ်ရံ မြေခွေးအူသံတွေကို ကြားရသည်။ သူထင်တာတော့ မြေခွေးလို့ထင်တာပါပဲ။ ဒီလို ပြတင်းပေါက်နေ အရှင်နောက်ကဖက်ထားရင်း တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ငေးရတာ သိပ်အရသာရှိတာပဲလို့ ခဏ်း မှတ်ချက်ချလိုက်သည်။

"အရှင် အဲ့ဒါမြေခွေးအူသံလား"

"အင်း ကိုယ် သူတို့ကိုတိတ်ခိုင်းလိုက်ရမလား"

"ဟင့်အင်း ထားလိုက်ပါ၊ သဘာဝတရားရဲ့အသံတွေက နားထောင်လို့ ကောင်းတယ်"

"ဒါဆို ကိုယ်အသံကရော"

ခဏ်း ရယ်လိုက်ကာ နောက်ကဖက်ထားတဲ့အရှင့်ဘက်ကိုတိုးကပ်ပြီး မျက်နှာချင်းဆိုင် လှည့်လိုက်သည်။ အရှင်က သူ့ကိုအလွတ်မပေးပဲ တင်းကြပ်စွာဖက်ထားသည်။ သူတို့ကြားကို လေတောင်တိုးဝင်မှာမဟုတ်ပေ။

"အရှင့်မှာရှိတဲ့အရာအားလုံးက ကျွန်တော့်အတွက် ချိုမြိန်နေတာ သိလား"

အသူရာဆင်းက ဘာလဲဆိုတာသိသွားပြီးနောက်ပိုင်းမှာ သူ့နှုတ်က အရှင်လို့ပဲ ဆက်တိုက်ခေါ်နေမိသည်။ အရှင်ကသူ့ရဲ့အရှင်ပဲ။ သူ့စကားအဆုံးမှာအရှင်က ပြုံးကာ သူ့ကိုမချီပြီး အတွင်းခန်းကိုဝင်သွားသည်။ ခဏ်းကိုယ်တိုင်လည်း အရှင်နဲ့အတူရှိဖို့ အဆင်သင့်ဖြစ်နေပြီလေ။ ဘာကိုများ ကြောက်ရွံ့နေရမှာလဲ။ သူ မသိလိုက်ခင်မှာပဲ သူ့ကိုယ်ပေါ်မှာရှိတဲ့အဝတ်တွေက ဘယ်ကိုလွင့်ထွက်သွားလည်းမသိပေ။

ကျိန်စာပြယ်သစ္စာ {Complete}Where stories live. Discover now