Part 30

1.5K 98 10
                                    

U+Z

အချုပ်ထဲမှာ ခဏ်း ထိုင်နေကာ မယ်တော်ကြီးသတင်းကိုပဲ နားစွင့်နေရသည်။ ပြီးတော့ မယ်တော်ကြီးအဆိပ်မိရအောင် သူလည်းဘာမှလုပ်ထားခြင်းမရှိ။ ဟင်းပွဲတွေကိုလည်း သူကိုယ်တိုင် သေချာစစ်ထားတာဖြစ်သည်။ ဒါကို အဆိပ်က ဘယ်လိုမိမှာလဲ။ အခု နန်းတွင်းမှာ အရာအားလုံးက ပျော်ရွှင်နေသားကြနေပြီကို ဒီလိုမျိုးလုပ်ရပ် ဘယ်သူက လုပ်တာလဲ သူသိချင်နေသည်။ သူ့ကိုတော့ စစ်မေးလာခြင်းမရှိသေးပေ။

အသူရာဆင်းကတော့ အဆိပ်မိသွားတဲ့ မယ်မယ့်ဘေးမှာရှိနေသည်။ တခြားဘယ်ကိုမှလဲ စိတ်မရောက်ဖြစ်။ မယ်မယ်က သူ့အတွက် အရာအားလုံး ပြန်တည်ဆောက်ပေးထားတာဖြစ်သည်။

"သမားတော်ကြီး မယ်မယ့်အခြေအနေ ဘယ်လိုလဲ"

"ပြန်သတိရဖို့ပဲ လိုပါတော့တယ်၊ အဆိပ်တွေကို အပ်စိုက်ပြီးထုတ်ပေးလိုက်ပါပြီ"

မယ်မယ်ကြီးကို ကုသနည်းအစုံနဲ့ကုသနေတာဖြစ်ကာ ခန္ဓာကိုယ်တွင်းမှာတော့ အဆိပ်က မရှိတော့ဘူးလို့ ဆိုလာသည်။ ဒါပေမယ့် မယ်မယ်ကြီးက နိုးလာခြင်းမရှိသေးပေ။

"အဆိပ်က ဘယ်လောက်များလဲ"

"ထင်တာထက် ပိုများပါတယ် အရှင်၊ စိုးရိမ်ရတဲ့အခြေအနေ ကျော်လွန်သွားပေမယ့် စောင့်ကြည့်ရပါအုန်းမယ်၊ ကျွန်တော်မျိုးတို့ မယ်မယ်ကြီးဆီကပြန်ထွက်လာတဲ့ အဆိပ်ရည်ကို စစ်ဆေးဖို့ ပို့ဆောင်ပြီးပါပြီ"

"စစ်ဆေးဖို့ လိုသလား"

"ကျွန်တော်မျိုးတို့ စိုးရိမ်နေတာက ဒီအဆိပ်က ဒီနေ့တစ်ရက်ထဲကြောင့်ဖြစ်တာမဟုတ်ပဲ ခန္ဓာကိုယ်တွင်းများ အတော်များနေတယ်လို့ ယူဆရလို့ပါ"

အသူရာဆင်း မျက်ခုံးတွေ စုကြုတ်လိုက်သည်။ အခု ဒီကိစ္စက အရင်ထဲက လုပ်ကြံနေတယ်လို့ ဆိုလိုတာလား။

"ထမင်းစားဆောင်မှာ မယ်မယ့် အစားအသောက်အတွက်တာဝန်ယူတဲ့ အပျိုတော်တွေအားလုံး ခေါ်လိုက်"

"အမိန့်ရှိပါအရှင်"

"တစ်ယောက်မကျန် အခုခေါ်လိုက်၊ ကိုယ်တော်လာခဲ့မယ်"

ကျိန်စာပြယ်သစ္စာ {Complete}Where stories live. Discover now