Part 11

1.5K 108 0
                                    

Unicode

“ခဏ်းဝါဇင် မင်းကို စစ်သူကြီးက ဘာကြည့်ပြီး ဒီလိုနေရာကို ပေးထားလဲ မသိပေမယ့် ကိုယ့်အဆင့်ကိုယ်သိစမ်း”

စစ်သူကြီးရဲ့ တရားဝင်တင်မြှောက်ထားတဲ့ ကိုယ်လုပ်တော်မှာ စစ်သူကြီးရှိမနေချိန် စစ်သူကြီးနန်းဆောင်ကိုရောက်လာပြီး သူ့ကိုလာပြောဆို နေတာဖြစ်သည်။ သူကရော ဘာလုပ်နေလို့လဲ။ ကိုယ့်ကိုဒီလိုနေရာကို ခြယ်လှယ်ခွင့်ပေးထားပေမယ့် နေသာသလို နေနေတာမဟုတ်ဘူးလား။ ခြယ်လှယ်ခွင့်ရတယ်ဆိုတိုင်း အခွင့်အာဏာကိုသုံးနေတာမဟုတ်။

ကိုယ်လုပ်တော်အမြောက်အများထဲမှ ကိုယ်လုပ်တော်အဆင့်ကိုတရားဝင်ရောက်လာတဲ့ ကိုယ်လုပ်တော်က ခဏ်းဝါဇင်ကိုကျေနပ်တာမဟုတ်။ စစ်သူကြီးက ဒီကောင်လေးကို ဘာကြောင့်များ သူ့အရင်ကိုယ်လုပ်တော်ဆိုတဲ့နေရာကိုပေးပြီး အိပ်ဆောင်ကိုအပိုင်စားပေးထားရတာလဲ။ ဒီကောင်လေးက ချောတော့ချောတယ်။ ဒီကောင်လေးကို ဘယ်ကခေါ်လာတာလဲ သူတို့အားလုံးသိတယ်။ မျိုးရိုးနိမ့်ဖြစ်နေစေကာမူ ဒီကောင်လေးရဲ့ ရုပ်ရည်အဆင့်အတန်းက မျိုးရိုးမြင့်တစ်ယောက်လို ဂုဏ်အင်္ဂါတွေရှိနေတာ။ ယောက်ျားလေးတန်မဲ့ ဒီလောက်ချောပြီး နုနေဖို့ လိုလို့လား။

“ဘာတွေလဲ ခဏ်းဝါဇင်”

စစ်သူကြီးအသံကြားလိုက်ကထဲက ကိုယ်လုပ်တော်သည် ချက်ချင်းကြမ်းပြင်တွင်ထိုင်ချလိုက်သည်။

“ဘာဖြစ်နေတာလဲ မင်းက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ”

“ကျွန်တော်မျိုးမ..”

“တိတ်စမ်း ခဏ်းဝါဇင် မင်းကို ဒီနေရာကို အပိုင်စားပေးထားတာ ငါမရှိတဲ့အချိန် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လုပ်ခိုင်းနေရင် ဘယ်လိုအဆင်ပြေမလဲ၊ မင်းနားမလည်ဘူးလား”

“ရှေ့လျှောက်မဖြစ်စေရပါဘူး အရှင်”

ခဏ်းဝါဇင် တစ်ဖက်က ကိုယ်လုပ်တော် အတင်းဝင်ရောက်လာတာကိုတော့ မပြောပဲနေလိုက်သည်။ ဒါမှလည်း အားလုံးအဆင်ပြေပြေ နေရမယ်မလား။ တော်ကြာ ကိုယ်က အတင်းအကြပ်ပြောလိုက်ရင် ကိုယ့်ကိုအမှားအယွင်းဖြစ်အောင် ဖန်တီးကြတော့မှာ။

ကျိန်စာပြယ်သစ္စာ {Complete}Tahanan ng mga kuwento. Tumuklas ngayon