Part 21

1.4K 98 1
                                    

Unicode

အရှင်နဲ့သူ့ရဲ့ ဆက်ဆံရေးက ပိုနွေးထွေးနေသည်။ သူကိုယ်တိုင် အခုအချိန်မှာ ဘာကိုမှမစဉ်းစားပဲ ရူးမိုက်မိနေတာမဟုတ်လား။ မယ်မယ်သာ သိရင် သူ့ကိုသတ်မလားပဲ။ မယ်မယ်က အစထဲက အရိပ်အခြေပြထားတာကို သူသိနေတာ။ မနက်ဆိုသူက ခပ်စောစော ဈေးကိုသွားပြီး တစ်ရက်စာ အသီးအရွက်၊ အသားငါး ဝယ်ရသည်။ အရှင်က ညနေဆိုရင် ထင်းပေါက်ပေးသေးတာဖြစ်သည်။ ချိုးဖို့ရေကမှအစ အိမ်နောက်ကတွင်းထဲကနေ အရှင်က ကိုယ်တိုင်ဆွဲပေးတာဖြစ်သည်။ သူပြန်ရောက်နေတာကိုသိပေမယ့် အရှင်ရှိနေတာကိုတော့ မသိပေ။

“ဘာတွေ ဝယ်လာလဲ ခဏ်း”

“ချောင်းပုဇွန်လေးတွေရလို့ အဲ့ဒါရယ်၊ မုန့်ညှင်းလတ်လတ်ဆက်ဆက်တွေရယ်”

“အင်း ကိုယ်တော် ဘာလုပ်ပေးရအုန်းမလဲ”

“အရှင်က ငြိမ်ငြိမ်ထိုင်နေရင် ရပြီ”

“ဟားဟား ခဏ်း ခဏ်း ဒါဆို ခါတိုင်းကိုယ်တော် ဝင်လုပ်ပေးရင် မပြောပဲငြိမ်နေတာသဘောမကျဘူးပေါ့ ကိုယ်တော်က ရှုပ်နေတာပေါ့”

“စိုးရွံ့မိပါတယ်အရှင်”

အသူရာဆင်း ခါးမှဆွဲဖက်ပစ်လိုက်သည်။ ဘာဖြစ်လို့ ခဏ်းက အခုအချိန်အထိ သူ့ကိုဒီလိုတွေဆက်ဆံနေပြီး မရင်းနှီးသလိုဖြစ်နေတာလဲ။ သူမကြိုက်ဘူးဖြစ်နေတယ်။ ခဏ်းနဲ့ဒီလိုအသွေးအသား ဆက်ယှက်ပြီးတဲ့အချိန်မှာ သူ့ရဲ့လွမ်းဆွတ်မှုတွေပြေပျောက်သွားသလို ခံစားရသည်။ ခဏ်းကိုစတွေ့တုန်းကဆိုရင် သူတစ်ခုခုခံစားရပြီး ပုံရိပ်တွေမြင်လိုက်၊ အိပ်မက်တွေမက်လိုက်ဖြစ်နေတာမလား။ အခုဒီမှာဖြစ်ပျက်သွားတဲ့ ကိစ္စတွေကြောင့် ဒါတွေကပျောက်သွားသလို စိတ်ကလည်းအဆင်ပြေတယ်မလား။

“ခဏ်း ကိုယ်တော်နဲ့ဘယ်တော့မှ ရင်းနှီးမှာလဲ”

“အရှင်..”

“ကိုယ်တော် ခဏ်းဆီက ဒီထက်မျှော်လင့်တယ်”

“ကျွန်တော်မျိုး ကြိုးစားမှာပါ အရှင်”

အသူရာဆင်း ခဏ်းကိုလွှတ်ပေးလိုက်သည်။ ညဘက်တွေမှာ ဒီအိမ်နဲ့ဒီနေရာက သူမီးခွက်မဆောင်ပဲ လျှောက်သွားလို့ရအောင် ရင်းနှီးနေတာကိုက အကြောင်းတစ်ခုခုရှိနေတယ်မလား။ အတိတ်မှာ သူနဲ့ခဏ်းက ဘယ်လိုပတ်သက်ခဲ့လဲ။ ပုံမှန်ပတ်သက်မှုမျိုးတော့ မဟုတ်။ ဒီအိမ်ဒီခြံနဲ့ရင်းနှီးနေတဲ့သူက ဒီအိမ်ဒီခြံကိုဘယ်လောက်တောင် နှံ့စပ်ခဲ့လဲမှမသိတာ။ ပြီးတော့ အခုရက်ပိုင်းအတွင်းမှာ သူ့အိပ်မက်ထဲမှာ မြင်မက်မိနေတာက လျှပ်စီးလမ်းကြောင်းတွေနဲ့ ရေအောက်ကိုထိုးဆင်းသွားတဲ့ ဓါးတစ်လက်။ ဒါက ဘာကိုပြောချင်နေတာလဲသူဒီကိုလာတာ  ပေါ်ဂွန်းတောင်မသိပေ။ ပေါ်ဂွန်းက သူ့ကိုသစ္စာခံပေမယ့် ဖိုးဖိုးလက်အောက်လူဖြစ်တာကြောင့် အလုံးစုံပေးသိလို့မဖြစ်ပေ။

ကျိန်စာပြယ်သစ္စာ {Complete}Donde viven las historias. Descúbrelo ahora