2

82 17 0
                                    

Arthur ကချွေးတွေသုတ်လိုက်..
ထင်းခုတ်လိုက် လုပ်နေတာ ခုထိမပြီးလာ
သေးဘူး...သူ့ကောင်လေးပင်ပန်းနေတာကို
သူမကြည့်ရက်တော့...။

"Arthur... မင်းပင်ပန်းနေပြီ...။
နားတော့...ငါဆက်လုပ်ပေးမယ်..."

"နေပါစေ....ငါပဲလုပ်မယ်...။
ပြီးတော့မှာ..."

ပါးစပ်ကသာလုပ်မယ်ပြောနေတာ...
လူကဖြင့် ပုဆိန်တောင်အနိုင်နိုင်မ.နေရ
တဲ့အဖြစ်...။
သူအနားကိုသွားကာ ပုဆိန် ကိုလက်
ပြောင်းယူလိုက်သည်...။

"ငါ့စကားနားထောင်ပါကွာ...။
မင်းကိုယ်မင်းလဲကြည့်ဦး....လဲကျတော့
မယ်....သွား...ဟိုမှာသွားထိုင်နေ.."

မသွားချင် သွားချင်နဲ့ခုနကသူထိုင်ခဲ့တဲ့
သစ်တုံးပေါ်မှာ စူပုတ်ပုတ်ထိုင်နေတဲ့
Arthur ကြောင့်သူအသံထွက်သည်အထိ
ရယ်လိုက်မိသည်....။
Arthur ကသူ့ခံစားချက်တွေကိုမထုတ်ပြ
တတ်သလို သူ့အမူအရာတွေကိုလဲ
လူရှေ့သူရှေ့ဆိုရင်ထိန်းချုပ်ထားတတ်တဲ့
လူမျိုး...။
ဒါပေမယ့်...
သူ့ရှေ့မှာဆိုရင်တော့ ခြွင်းချက်...။
သူကအထူးအနေနဲ့ တခြားသူတွေမမြင်ဖူး
တဲ့ Arthur ရဲ့ချစ်ဖို့ကောင်းတဲ့
တခြားတစ်ဖက်ကိုတွေ့မြင်ခွင့်ရတယ်...။

တခြားသူတွေအမြင်မှာတော့ သူ့ကောင်လေး
ကမာနကြီးတဲ့သူလိုလို ဘာလိုလိုဖြစ်နေလိမ့်မယ်...။
သူ့ရှေ့မှာဆိုရင် ဖြူစင်တဲ့ကလေးလေး
တစ်ယောက်ပဲ...။
ကြောင်ပေါက်လေးနဲ့တူတဲ့သွားတွေပေါ်
အောင်လဲ နှစ်နှစ်ခြိုက်ခြိုက်ရယ်နေတတ်
တယ်.....။

ထင်းတွေအကုန်ခုတ်ပြီးသွားတော့ သူလဲ
တော်တော်လေးပင်ပန်းသွားပြီ...။
ခုနေ့သူရောက်လာတာ တော်သေးတယ်...။
မဟုတ်ရင် ထင်းတွေဒီလောက်အများကြီး
ကို Arthur တစ်ယောက်ထဲခုတ်နေ
ရမှာ မတွေးဝံ့စရာပဲ...။

နဖူးစပ်ကစီးကျနေတဲ့ချွေးတွေကိုသုတ်
လိုက်ပြီး သစ်တုံးပေါ်ထိုင်နေတဲ့ Arthur
ဘေးဝင်ထိုင်လိုက်သည်...။
ရုတ်တရက် သူ့နဖူးပေါ်ကိုရောက်လာတဲ့
သဘက်တစ်ထည်...။
Arthur ကသူ့နဖူးစပ်ကချွေးတွေကို
ထိုသဘက်နဲ့အသာအယာလေးသုတ်ပေး
နေတယ်....။

အတိတ်ပုံပြင်[COMPLETED]Where stories live. Discover now