သူတို့ကျောင်းရဲ့နှစ်ဆုံးစာမေးပွဲကလဲပြီးသွား
ပြီးလို့ ရလဒ်တွေတောင်ထွက်လာပြီးနေပြီ..။
သူ့ကောင်လေးကတော့ထုံးစံအတိုင်း
တစ်ကျောင်းလုံးမှာပထမ...။
စာမေးပွဲ ရလဒ်တွေထွက်တိုင်းထိပ်ဆုံးက
နာမည်က Arthur ဆိုတာ ဗေဒင်
မမေးတောင်အကုန်လုံးသိနေပြီးသားကိစ္စ
ဖြစ်သည်....။
ခုနေ့က သူ့ကောင်လေးကိုဂုဏ်ပြုတဲ့အနေနဲ့
ဈေးထဲသွားပြီး သူ့ကောင်လေးစားချင်တာ
တွေကိုဝယ်ကျွေးပြီး နှစ်ယောက်သား
အတူတူလျှောက်လည်ဖို့ချိန်းထားခြင်း
ဖြစ်သည်...။
သူကတော့ ဈေးထိပ်ကနေ သူ့ကောင်လေး
ကိုစောင့်နေခြင်းပင်....။တကယ်တော့ သူတို့နှစ်ယောက်က
စာမေးပွဲကိစ္စနဲ့အလုပ်ရှုပ်နေတာကြောင့်
တစ်ယောက်နဲ့တစ်ယောက်ကောင်းကောင်း
မတွေ့ဖြစ်တာ ကြာနေပြီ...။
အဲဒီတော့ ခုနေ့လိုအတူလျှောက်လည်ဖို့ကို
သူစိတ်လှုပ်ရှားနေမိသည်...။ဒါပေမယ့်.....နေ့လည်ကတည်းကစောင့်
နေတာကို အခု ညနေရောက်တာတောင်
သူ့ကောင်လေးကရောက်မလာသေးဘူး...။
ပုံမှန်ဆို သူ့ကောင်လေးက အချိန်တိကျ
တဲ့လူမျိုးပါ...။
အဲဒီလိုလူမျိုးကခုချိန်ထိဘာလို့ရောက်မလာ
သေးတာလဲ...။
သူနဲ့ ချိန်းထားတာကိုမေ့နေတာလဲ
မဖြစ်နိုင်တော့ သူစိတ်ပူလာသည်...။Arthur ရဲ့အိမ်ကိုလိုက်သွားတော့
အိမ်ရှေ့မှာပန်းပင်တွေကိုရေလောင်းနေတဲ့
Arthur ရဲ့အမေကိုတွေ့သည်...။"အဒေါ်...Arthur မရှိဘူးလားဗျ..."
သူ့အသံကိုကြားလို့လှည့်ကြည့်လာတဲ့
Arthur အမေရဲ့မျက်နှာမှာ
အံသြရိပ်ဖြတ်ပြေးသွားကာ..."ဟင်....နေ့လည်ကပဲ သားနဲ့ချိန်းထားတာ
ရှိလို့ဆိုပြီးထွက်သွားတာလေကွယ်...""ဗျာ...."
ဒါဖြင့်ရင် Arthur ကဘာလို့ရောက်မလာ
တာလဲ...။
Arthur ကအိမ်ကိုတစ်မျိုးပြောပြီး
ကွယ်ရာမှာလုပ်ချင်ရာလုပ်နေတတ်တဲ့
သူမျိုးမှမဟုတ်တာပဲ...။
တစ်ခုခုကတော့ လွဲနေပြီ...။
သူ့စိတ်ထဲမှာထင့်နေတယ်....။
![](https://img.wattpad.com/cover/327815778-288-k535393.jpg)
YOU ARE READING
အတိတ်ပုံပြင်[COMPLETED]
Fanficကောင်လေးနှစ်ယောက်ရဲ့အတိတ်ဘဝက ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်..။ ကောင်လေးနှစ်ယောက်ရဲ့အတိတ်ဘဝက ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်..။