Relationship 4

259 31 2
                                    

Zawgyi

ငါးနှစ်ကြာသော်
✒   ✒   ✒    ✒   ✒  ✒   ✒   ✒  ✒    ✒    ✒
"ချယ် နေကောင်းတယ်နော်"

"ကောင်းပါတယ် IU"

IUဆိုတာ နိုင်ခြားမှာကျောင်းတက်တော့ ခင်တဲ့ ယောင်းရဲ့သူငယ်ချင်းလေ သူငယ်ချင်းဆိုတာထက် ညီအစ်မတွေလိုပဲ တစ်ဦးအနားမှာ တစ်ဦးအမြဲရှိပေးခဲ့ကြတာလေ

"ချယ်ကလည်း နေနိုင်လိုက်တာ  ကိုရီယားပြန် ရောက်နေတာကို IUကိုဖုန်းလေးတောင် ဆက်ဖော်မရဘူး "

IUက ကိုရီးယားကို အရင်ပြန်ရောက်ခဲ့တယ်
ယောင်းကတော့ ကိစ္စရှိလို့ သုံးရက်လောက်နောက်ကျမှ ပြန်ရောက်ခဲ့တယ် ပြန်ရောက်တော့လည်း အလုပ်ကိစ္စနဲ့ဆိုတော့ မအားဘူး

"မဟုတ်ပါဘူး ယောင်းလည်း မအားလို့ပါ စိတ်မဆိုးပါနဲ့နော်"

"အွန်းပါ ချယ်က ဘာလာဝယ်တာလဲ"

"ယောင်းက ဒီလိုပဲ ဆေးရုံက နောက်ရက်ကိုသွားရမှာ ဒါကြောင့်လိုအပ်တာလေးတွေ လာဝယ်နေတာ
အန်ကယ်ကလည်း နောက်ရက်မှ လာဆိုလို့လေ"

"ချယ်က ဘယ်ဆေးရုံကျတာလဲ"

"ချယ်က Park ဆေးရုံလေ အပါးက ကျောင်းပြီးရင် ဦးလေးဆီမှာပဲ အလုပ်ဝင်လို့ ပြောထားတာ"

"ဒါဆို Parkဆေးရုံက ချယ်တို့ပိုင်တာလား"

"ဟုတ်တယ်"

"ချယ်ကလည်းနော် နေနိုင်လိုက်တာ ဒို့ကိုတောင် မပြောဘူး"

"စကားမစပ်မိလို့ပါ"
စကားပြောနေရင်း နောက်က တစ်ယောက်ယောက် ခေါ်တဲ့ အသံကြောင့် ယောင်း လှည့်ကြည့်လိုက်တော့
...
"Park Chaeyoung shi"

အသံကြားတာနဲ့ ယောင်း ရုပ်က ရုပ်တည်ကြီးဖြစ်သွားကာ

"အော်Leo shi ပါလား"

"Park Chaeyoung ကျွန်တော့်ကိုမှတ်မိလို့ ဝမ်းတာပါတယ် ကိုရီးယား ပြန်ရောက်တာ ကြာပြီလား"

"ဟုတ် မကြာသေးပါဘူး ဘာကိစ္စမှမရှိဘူးဆိုရင် ကျွန်မတို့ကို ခွင့်ပြုပါဦး IUသွားမယ် "

"ဒါဆို ဒီက လူကြီးမင်း ကျွန်မတို့ နှစ်ယောက်ကို သွားခွင့်ပြုပါဦး"ဟု အိုင်ယူပြောလိုက်သည်

Relationship (Completed) Where stories live. Discover now