Relationship 1

662 50 2
                                    

Zawgyi

Relationship 1

"Young ကို လီလီချစ်တယ်"
ယောင်းကို ချစ်တယ်လို့ ပြောခဲ့သည့် ယောင်းရဲ့ အချစ်ဆုံး သူငယ်ချင်း လီလီ။
လီလီရဲ့ စကားကြောင့် ယောင်း လီလီအား အံ့ဩစွာ
ဘာပြန်ပြောရမှန်းမသိဖြစ်ပြီး။

လီလီအရှေ့မှ ထွက်ပြေးလာခဲ့သည်။

ကျန်ခဲ့သည့် လီလီကတော့ အတွေးပေါင်းများစွာနဲ့။
ယောင်းက လီလီကို မချစ်လို့များလား (သို့) သူငယ်ချင်းလိုပဲချစ်တာလား ဆိုပြီး ယောင်း ရင်ထဲမှာ ဘီလီ အတွက် နေရာ သေးသေးလေးတောင် မရှိတော့ဘူးလား။

စဉ်းစားနေပြီးတော့စိတ်ညစ်ညစ်နဲ့ အဲ့ဒီနေရာနေ ထွက်သွားခဲ့တယ်
အဲဒီအချိန်မှာ Jennie unnieကို တွေ့ပြီး ယောင်းကို

သူဖွင့်ပြောခဲ့တဲ့
အကြောင်းကို ဖွင့်ပြောခဲ့တယ် unnie က ယောင်းကအချိန်လိုတယ် လီလီ သူ့အတွက်စဉ်းစားချိန်လိုတယ်.....

သူငယ်ချင်းသံယောဇဉ်ကနေပိုဖို့ ဖွင့်ပြောလာတဲ့ သူ့ သူငယ်ချင်းကို သူချက်ချင်းတုံ့ပြန်မှာမဟုတ်ဘူး လို့ ပြောသည်

"ပြီးတော့ လီလီ ယောင်းနင့်ကို ချစ်နေတာကို ငါတို့ ဘေးက လူတွေသိတယ် အခုက ရုတ်တရပ်ကြောင့် သူလည်း ဘာပြောရမှန်း မသိ ထွက်ပြေးသွားတာ ဖြစ်မှာပါ"

လီလီ unnie jenပြောသမျှကို စဉ်းစား နေမိသည်

"လီလီ သူ့ကို အချိန်ခဏလောက် ပေးလိုက်ပါ ခဏတော့ သူဘာမှမပြောပဲ နေနေလိမ့်မယ် နောက်ကျရင်တော့ လီလီကို ချစ်တယ်လို့ ပြောမှာပါ"

" Nae Unnie လီလီ သွားတော့မယ် အတန်းတက်ရဦးမှာမို့လို့"ဟု ပြောပြီး
unnieကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်
... . . . . . . . . .. . . . . .. . . . . .. . . . . .. . . . .. .
လီလီအတန်းထဲ ရောက်တော့
အတန်းထဲမှာ ယောင်းကို မတွေ့လို့ စိတ်ပူနေခဲ့တယ်

ယောင်းအကြောင်းပဲ တွေးနေတာကြောင့်အတန်းပြီးသွားတာ တောင်မသိလိုက်ဘူး

ဒါကြောင့်ပဲ အတန်းပြီးပြီးချင်း ယောင်းအိမ်ကို လိုက်သွားလိုက်တယ်

ဘာကြောင့်လဲမသိ ကိုယ့်စိတ်တွေ အရမ်းပူနေတယ်
ယောင်းများ တစ်ခုခု ဖြစ်နေမလားဆိုပြီး
ဒါကြောင့် ခပ်မြန်မြန်လေး သွားခဲ့တယ်

Relationship (Completed) Dove le storie prendono vita. Scoprilo ora