Relationship 6

277 30 1
                                    

Zawgyi

ယောင်းတို့ ဆေးရုံအုပ် အခန်းထဲက အတူတူ ထွက်လာပြီး

လီလီက သွားတော့မယ် အလုပ်
"ဒေါက်တာလီ ခဏ"

"ဟိုလေ unnie jisooနဲ့ jennie တို့ကိုလည်း ပါတီကိုလာဖို့ ဖိတ်ပေးပါဦး"

"အော် ဟုတ်ကဲ့ပါရှင့် ကျွန်မဖိတ်ပေးပါ့မယ် Park chaeyoung shi ဒါဆို သွားခွင့်ပြုပါဦး"

"လီ"
ယောင်းနှုတ်ခမ်းက လီလို့လှမ်းခေါ်လိုက်တာကြောင့် ကျွန်မရဲ့ ခြေထောက်တွေ ရပ်တန့်သွားတယ် ပြီးတော့ ယောင်းကိုလှည့်ကြည့်လိုက်တယ်

"Park Chaeyoung shi ရှင်နဲ့ကျွန်မက ဒီလို ရင်းရင်းနှီးနှီးခေါ်ရလောက်အောင် ရင်းနှီးတဲ့ သူလည်းမဟုတ် ပြီးတော့ ကျွန်မကို အဲဒီလိုမခေါ်နဲ့ ကျွန်မမကြိုက်ဘူး"
လီလီရဲ့ စကားလုံးတိုင်းက ယောင်းရင်ကိုကျေကွဲစေတယ်။

"ယောင်းကို စိတ်ဆိုးနေတုန်းပဲလား လီ"

"ကျွန်မကစိတ်ဆိုးတယ် ဘာကိုလဲ ဒေါက်တာ Park Chaeyoung shi ပြီးတော့ စိတ်ဆိုးတယ်လို့ပြောရအောင် ရှင်နဲ့ကျွန်မက ဘာဆိုင်လို့လဲ"

လီပြောတာလည်း ဟုတ်ပါတယ်။ ကိုယ်အမှားနဲ့ ကိုယ်ပေါ့။

ကိုယ်က သူ့ကို ပြစ်ထားခဲ့တဲ့သူပဲလေ။

ထိုအချိန် ယောင်းတို့နှစ်ယောက်လုံးကြား တိတ်ဆိတ်နေသည်

ထိုတိတ်ဆိတ်နေချိန် ဒါက်တာIuရောက်လာပြီး

"ချယ် ဒီမှာဘာလုပ်နေတာလဲ လာသွားမယ်"

"အင်းသွားမယ်လေ ဒါဆို သွားပြီနော်လီ"
လီလီရဲ့ အရှေ့က ယောင်းဟာ အိုင်ယူခေါ်တဲ့နောက်ကို လိုက်သွားတယ် ။

လီကတော့ ရှေ့က သူများနောက်ကို လိုက်သွားတဲ့ ယောင်းကို
"ကြည့် စကားကို ဆုံးအောင်မပြောဘဲ ငါ့ကိုတော့့ တစ်ယောက်ထဲ ထားခဲ့ပြီးဟို ဒေါက်တာမနောက်ကို လိုက်သွားတယ်ပေါ့ park Chaeyoung အစုတ်ပလုပ်ကြီးရဲ့"

လီက စိတ်ထဲ၌ ယောင်းကို ကျိန်ဆဲလိုက် အိုင်ယူကို ကျိန်ဆဲလိုက်နဲ့ နောက်တော့မှ လီလည်း လူနာတွေဆီကို လာခဲ့တယ်(လူနာတွေကိုတော့ အပြုံးလေးနဲ့🙂)
........................
"ဒေါက်တာလီ ဒေါက်တာလီ"

Relationship (Completed) Donde viven las historias. Descúbrelo ahora