Relationship 8

291 22 2
                                    

Zawgyi

မနက်ခင်းလေးမှာနိုးလာခဲ့ပြီး နေရောင်က ကိုယ့်ကောင်မလေး ပါးပေါ်ရောက်နေတော့ နေရောင်လေးကို ကိုယ်တောင်သဝန်တိုရတယ်။

မယုံနိုင်လောက်အောင်ပင်။ အခုတော့ နေကြာလေးဟာ ပြန်ပြိံး ရှင်သန်လာပြီ။

ပြီးတော့ ငြီးသံလေးတစ်ခုနဲ့ ကိုယ့်ကောင်မလေး နိုးလာတယ်

"လီ နိုးနေတာကြာပြီလား"
အိပ်ရေးမ၀သေးတဲ့ ကိုယ့်ကောင်မလေးရဲ့ ပုံစံမှာ ချစ်စရာ ကောင်းလွန်းတာကြောင့် နဖူးလေးကို တစ်ချက်နမ်းလိုက်တယ်။

နဖူးကို အနမ်းပေးတယ်ဆိုတာ ချစ်တယ်ဆိုတာထက် မြတ်နိုး တန်းဖိုးထားကြောင်းကို ပြတယ်လေ။

"အင်း ယောင်း morning kiss"
ယောင်းကို နှုတ်ခမ်းလေးဆူပြီး မောနင်းkissဆိုပြီးတောင်းနေတဲ့ လီကိုကြည့်ပြီး ယောင်းရယ်နေတယ်။

"လီကလည်း မျက်နှာတောင် မသစ်ရသေးပဲနဲ့"
ယောင်းပြောလိုက်တော့ လီမျက်နှာက ဆူပုတ်သွားတယ်။

"ဘာလဲ ယောင်းက လီ့ကို ရွံတာလား ယောင်းရွံတော့လည်း လီက... "
ရုတ်တရပ် ယောင်းနှုတ်ခမ်းကို လီက စုတ်ယူပြီး နမ်းလိုက်တယ်။ နောက်ပြီး တဖြည်းဖြည်း လျှာလေးနဲ့ထိုးဝင်လိုက်တယ်။

ယောင်းကလည်း ပြန်ပြီး လျှာလေးကို တုံ့ပြန်နေတယ် ပြီးတော့မှ ယောင်းနှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး အနမ်းကို လီ့ဘက်ကပဲ စရပ်လိုက်တယ်။

"အ.. နာတယ် လီမကောင်းဘူးကွာ"
"ဘာမကောင်းဘူးလဲ ညတုန်းက ယောင်းပြောတော့ ကောင်းတယ်ဆို"
ယောင်းကို စလိုက်တော့ ယောင်းရဲ့ ပါးဖောင်းဖောင်းလေး နှစ်ဖက်တာ
ရဲတက်လာတယ်

"လီနော် တကယ်မကောင်းဘူးကွာ"
Flash back
ပါတီ၌
"အန်ကယ်လေးနဲ့ ဒေါက်တာတို့ စားကြပါနော်"

"အန်ကယ်လေး အပါးက လာတွေ့ပါဦးတဲ့"

"အေးသမီး အန်ကယ်သွားတွေ့လိုက်မယ်"

"ချယ်"

"အိုင်ယူ နောက်ကျတယ်နော်"

"ဟုတ်တယ် ချယ် ဝါး ချယ်ဒီနေ့ အရမ်းလှနေတယ်နော် ချယ် အပြင်ကို တစ်ကြည့်ကြည့်နဲ့ ဘယ်သူ့ကိုမျှော်နေတာလဲ"

Relationship (Completed) Tempat cerita menjadi hidup. Temukan sekarang