Relationship 3

311 25 2
                                    

Zawgyi

ယောင်း လီလီနဲ့ ချိန်းထားတာ ရှိလို့ ပြင်ဆင်ပြီး အောက်ဆင်းမလို့ ရှိသေး
"ယောင်း သမီး ဘယ်သွားမလို့လဲ"ဟု အပါးက မေးသည်

"လီနဲ့ သွားတွေ့မလို့ပါappa"

"Appaမေးမယ် သမီးအမှန်အတိုင်းဖြေနော်"

"ဟုတ်ကဲ့ သမီးအမှန် အတိုင်းပြောပါမ့ယ်"

"သမီးနဲ့ လီလီက ဘာတွေလဲ သမီး"

Appaမေးခွန်းကြောင့် ယောင်း ဘာဖြေရမှန်းမသိ ဖြစ်သွားတယ်
ကြောက်နေပေမယ့် ယောင်းက အမှန်တိုင်းဖြေလိုက်တယ် ယောင်းအခုမပြောလည်း နောင်တစ်ချိန် သိသွားမယ့် ကိစ္စပဲလေ။

"ယောင်းနဲ့ လီက ချစ်သူတွေပါappa"
ယောင်းစကားကြောင့် အပါး မျက်နှာမှာ တင်းမောမှုတွေ သိလိုက်ရသည်။

"အပါး သမီးတို့နှစ်ယောက်ကို သဘောတူပေးပါနော်"

"ယောင်း လီဆာနဲ့ အခုချက်ချင်းဖြတ်လိုက်ပါ"
အပါးစကားကြောင့် ယောင်းတုန်လှုပ်သွားတယ်

"ယောင်းသမီးကို ရွေးချယ်စရာပေးမယ်လီကိုဖြတ်ပြီး နိုင်ငံခြားမှာကျောင်းသွားတက်မှာလား ဒါမှမဟုတ် အပါးတို့ကို ဖြတ်မှာလား"

အပါး ရွေးခိုင်းတဲ့အရာက ယောင်းအတွက်ခက်ခဲလွန်းတယ်
ဘယ်လို ရွေးချယ်မှုမျိုးလဲ။

"ဘာကြောင့်လဲ အပါး လီက ဘာဖြစ်နေလို့လဲ မိန်းကလေးဖြစ်နေလို့လား"

"ယောင်း နားလည်စမ်းပါ Rona group CEO park Jeon ရဲ့ သမီးက မိန်းကလေး အချင်းချင်းကြိုက်နေတာ အပြင်လူတွေသိသွားရင် အဖေတို့ ပြသာနာတွေတက်လိမ့်မယ် သမီး"

"ယောင်း ဂရုမစိုက်ဘူး အပါး ယောင်းသိသာက ယောင်း လီကို ချစ်တယ် သူ့ကိုပဲယူမှာ"

ယောင်းအပါးနဲ့ စကားပြောပြီး ယောင်းလှေကားပေါ်က ဆင်းနေစဉ်
အသံတစ်သံကြားလိုက်ရတယ် ဗုတ်.... ဆိုပြီး ကြမ်းပြင်ပေါ်ကို ယောင်း အပါးမူးလဲကျသွားတယ်

"အပါး အပါး သတိထားဦးလေ ommaလာပါဦး အပါးမူးလဲသွားလို့ လာကြပါဦး"

.......................................
"အန်ကယ် အပါးဘာဖြစ်တာလဲ"

"သမီး အပါးမှာ နှလုံးရောဂါ ရှိတယ် ဒါကြောင့် သူစိတ်ဆင်းရဲ လို့မရဘူး သမီး အပါးကို စိတ်ချမ်းသာအောင်ထားပါ"

Relationship (Completed) Onde histórias criam vida. Descubra agora