"master သင်ရွေးချယ်ဖို့လမ်းက ဒီလမ်းအပြင်မရှိပါဘူး"
သူလက်ပတ်ထဲက ဖြူဖျော့ဖျော့ အကောင်ငယ်လေးက အပြင်ကို ခုန်ထွက်ကာ စကားဆိုလာသည်ကြောင့် သူလန့်သွားမိသည်။
"မင်းဘယ်သူလဲ ငါ့ကိုသိလို့လား"
"နာမည် အီယုံးဘို့
မွေးနေ့ 15.9.2000
အလုပ်အကိုင် မရှိ
အဖေမရှိတော့ အမေပဲရှိ
အစ်ကိုတစ်ယောက်ရှိ""မင်း မင်း ဒါတွေဘယ်လိုသိ"
"ဘယ်လိုသိတာထက် master ရဲ့ဆုံးဖြတ်ချက်ကိုပြောပြပေးပါ"
"ချီးးး ရွေးချယ်ခွင့်နောက်တစ်မျိုးမရရအောင်လုပ်ပေး"
ဘယ်လိုတောင် မဖြစ်နိုင်မှုကြီးလဲအခုအခြေအနေကကော အိမ်မက်မက်ဆိုရင်ေတာင် ယုံချင်ဖွယ်ကောင်းသေး။
"သေလမ်း"
"ဘာ"
"ဟုတ်ပါတယ် master အတွက် ရွေးချယ်စရာနောက်တစ်မျိုးက သေလမ်းပါ"
အရောင်ကဖြူဖျော့ဖျော့နဲ့ လုံးကစ်နေတဲ့ခန္ဓာကိုယ်အထက် မျက်နှာမှာတော့ ခရမ်းရောင်တို့က ဟိုတစ်ကွက် ဒီတစ်ကွက်ရှိနေပြီး ဦးခေါင်းထိပ်တည့်တည့်မှာ ပန်းလေးလိုအရောင်စုံလေးနဲ့တင်ထားသလိုဖြစ်နေသည့် ထိုဖြူဖျော့ဖျော့ကောင်သည် အမှတ်မထင်ကြည့်ရင် ချစ်ဖို့ကောင်းမလိုလိုနဲ့ သေချာကြည့်ရင် အမြင်ကတ်စရာရုပ်ကအပြည့်။
"တကယ်လို့ ငါ့ မစ်ရှင်အောင်မြင်ရင်ရော"
"Point တွေတိုးအောင်လုပ်ပြီး မစ်ရှင် အောင်မြင်ရင် master ရဲ့ လက်ရှိဘ၀ကို ပြန်ရောက်သွားမှာပါ"
"တကယ်လို့ မစ်ရှင် ကျရှုံးခဲ့ရင်ရော"
"သေလမ်းကို ရွေးရမှာပါ တစ်နည်းပြောရရင် master အတွက် ရွေးချယ်မှုက သေချာပေါက် အောင်မြင်မှဖြစ်မှာပါ အမှန်တကယ် master က လက်ရှိဘ၀မှာ သေသူဖြစ်နေပြီးသားပါ master ကို ပြန်ရှင်သန်ခွင့်ရအောင် အခွင့်အရေးပေးထားတာပါ "
"ဘာ"
သူအထိတ်တလန့်စကားကြောင့် ခြေလှမ်းတို့နောက်ဆုပ်သွားရသည်။ထို ဖြူဖျော့ဖျော့ကောင်ကတော့ နဖူးထိပ်တည့်တည့် ကွေးကောက်နေသော အစိမ်းရောင်အမွှေးကို အောက်ချလိုက် အပေါ်ပြန်မြှောက်တင်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။