"ဘယ်လိုဖြစ်လို့ pointက ၂၅၀ပဲ ရရတာလဲ"
အိမ်ရောက်တာနဲ့ကောင်းကောင်းတောင် မနားရသေး CAPနဲ့ရန်ဖြစ်မှုက စရတော့သည်။
"ဇာတ်လိုက်ကို ဒဏ်ရာရသွားစေလို့ point 250က နှုတ်လိုက်တာပါ"
"ပြန်ထည့်ပေး နှုတ်ချင်တိုင်း နှုတ်ရအောင် မြက်ထင်နေလား ငါ့မှာတော့ ပြေးလိုက်ရတာ"
"မရပါဘူး အထက်က ခိုင်းတာပါ"
စကားဆုံးတော့ သူ့ဘက်ကို ဖင်ပေးပြီး အိပ်ရန်ကြံနေသော သကောင့်သားကို ဖင်ထဲ၀င်နေသော အမြီးသေးလေးကို မရမကဆွဲကိုင်ကာ အမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီး အခန်းပြင်ကိုသာ ထွက်လာခဲ့လိုက်သည်။
"သောက် ဖြူဖျော့ဖျော့ကောင် ငါ့မှာတော့ ပြေးလိုက်ရတာ အသက်ထွက်တော့မယ်"
တကယ့်ဘ၀တွင်လည်း သူသည် အားကစားတွင်မထူးချွန်၍ ငယ်ငယ်က စိန်ပြေးလိုက်တမ်း ကစားရင်တောင် သူချည်းပဲ ခံရသည်မို့ တော်ရုံ၀င်မဆော့တတ်ပေ။
"ဖီးလစ် အမေက ပြန်မလာသေးဘူးလား"
ဆံပင်ထက်ခိုတွဲနေသော ရေစများကို ကြည့်ခြင်းအားဖြင့် ဟျွန်းဂျင်သည် ရေချိုးပြီး ထွက်လာခြင်းဖြစ်မည်။ဘယ်ချိန် ဘယ်လိုပုံစံပဲဖြစ်နေနေ ဇာတ်လိုက်မို့ထင်သည် အရှိန်အဝါက သူ့ကိုတောင် သိမ်ငယ်သွားစေသည်။
"ဒီည နည်းနည်းနောက်ကျမယ်ပြောတယ်"
"အွန်း"
သူနဲ့ဟျွန်းဂျငိအမေလက်ထက်ပြီးတည်းက ဟျွန်းဂျင်သည် အမေအား စကားသိပ်မပြောတော့သလို ခပ်ခွာခွာသာနေနေတတိသည်။
"ဟို နေအုံး မင်းမျက်နှာ"
သူ့စကားကို မျက်လုံးပင့်ပြကာ ဘာလဲဆိုသည့် ပုံစံမျိုးဖြင့် လုပ်ပြနေသည်မို့ အရဲစွန့်ပြီးပြောဖို့သာဆုံးဖြတ်လိုက်သည်။
"မင်းမျက်နှာက ဒဏ်ရာ ဆေးထည့်ပေးမယ် ပြီးတော့ မမနဲ့ အိပ်ရာခွဲအိပ်ဖို့ မင်းပါဝိုင်းပြောပေးပါလား"
သူ့စကားဆုံးတော့ သူ့ရှေ့ကို တိုးလာကာ မျက်လုံးချငိးအကြည့်စုံနေသည်မို့ ခေါင်းကိုသာ ငုံချလိုက်သည်။မျက်လုံးထဲ ဘာအဓိပ္ပါယ်တွေနဲ့ ကြည့်နေမှန်း မသိပေမယ့် ထိုအကြည့်တွေကို သူမခံနိုင်ပေ။