အဖြူရောင်၀တ်စုံနှင့် သတို့သားနေရာတွင်ရှိနေသော သူနှင့် အဖြူရောင် ဂါ၀န်ဖြူကြီး ၀တ်ဆင်ထားသော သူ၏ဇနီးဖြစ်လာမည့်သူ။ပန်းပွင့်တွေ၀န်းရံထားသော နေရာတစ်ခုအလယ်မှာ သူကတော့ ဇာတ်လိုက်တစ်ယောက်အဖြစ် လူအများရဲ့စိတ်၀င်စားခြင်းကိုခံနေရသည်။
"သတို့သား အီဖီးလစ်သည် သတို့သမီး ကင်မ်ဟယ်မင်ကို ရိုးမြေကျပေါင်းသင်းပါမည်လော။"
"ဟုတ်"
"သတို့သမီး ကင်မ်ဟယ်မင်သည်ကော သတို့သား အီယုံးဘို့ကို ရိုးမြေကျပေါင်းသင်းပါမည်လော"
"ဟုတ် ပေါင်းသင်းပါမည်"
တက်ကြွနေဟန်စကားတို့က ဘယ်လောက်တောင်ပျော်ရွှင်နေကြောင်းသက်သေပင်။ အသက်အရမ်းမကြီးပေမယ့် သူနှင့်တော့ အသက်အတော်ပင်ကွာသည့် ထိုကင်မ်ဟယ်မင်သည် အလွန်ပင်ချောမောလှပပါသည်။ဒီလက်ထပ်ပွဲကို မကောင်းပြောသည်တော့အနည်းငယ်ရှိပေမယ့် ပိုက်ဆံမျက်နှာကြောင့် အနည်းနဲ့အများတော့ မျက်နှာရကာ အောင်မြင်သည့် မဂ်လာပွဲဖြစ်သည်။ဟျွန်းဂျင်ကတော့ ဒီတိုင်းသာ လက်ထပ်ပွဲကို လက်ခံထားသည်ကလည်း သူ့အမေကြောင့်ပဲဖြစ်မည်ထင်သည်။
"သတို့သားနဲ့ သတို့သမီး နမ်းလို့ရပါပြီ"
ဖာသာစကားအဆူံး တွေဝေကာ ထိုနေရာမှာသာ ရပ်နေမိသည်။သူလူတစ်ယောက်ကို နမ်းနိုင်လောက်သည်အထိတော့ သရုပ်ဆောင်မကောင်းပေ။
"မပဲအရင် နမ်းလိုက်တော့မယ်"
သူ့ဘေးနားက သူ့၏သတို့သမီးသည် နားဘေးနားကို တိုးတိုးလေးကပ်ပြောကာ ရှေ့ကိုတိုးလာသည်ကြောင့် နမ်းရန်သာ အသင့်အနေဖြင့် ပြင်ထားလိုက်သည်။
"နေအုံး"
ခန်းမထဲ ထွက်လာသည့်အသံတစ်သံကြောင့် သူတို့ကိုစိတ်၀င်စားနေသော လူတွေသည် ထိုလူဘက်ကို ပြောင်းသွားသည်။
"Mom အဲ့တာတော့ ကျွန်တော်ခွင့်မပြုနိုင်ဘူး အထူးသဖြင့် ကျွန်တော့်ရှေ့မှာ"
မတ်တပ်ရပ်ကာ သူ့ဘေးနားက သတို့သမီးကို ကြည့်ရင်း ဆိုလာသော ဟျွန်းဂျင်စကားကြောင့် သူပျော်မိသွားပေမယ့် ထိုအမျိုးသမီးကတော့ သက်ပြင်းငွေ့ငွေ့ချလိုက်သည်ကို တွေ့ရသည်။