"ဟျွန်းဂျင် သား ကျောင်းသွားလက်စနဲ့ Lixကို တစ်ခါတည်းခေါ်သွားလိုက်ပါလား"
မနက်စာဝိုင်းတွင် သုံးယောက်တူတူစားနေတုန်း သူ၏မိန်းမလို့ပဲပြောရမည့် ဟယ်မင်က ဟျွန်းဂျင်ကို စကားစလာသည်။ ဟယ်မင်က သူ့ကို တော်တော်ချစ်သည့်ပုံပင်။ အခုမနက်မှ သူ အိပ်ရာခွဲအိပ်ချင်သည်ပြောတုန်းကလည်း မျက်နှာတစ်ချက်ပျကိသွားပေမယ့် သူပြောသည့်စကားအတိုင်း လက်ခံပေးခဲ့သည်။အသက်ကွာသောကြောင့် သူပြောသမျှကို အလိုလိုက်ပေးသည်လည်းပါမည်ထင်သည်။ဟျွန်းဂျင်လား ကူပြောပေးမယ်ဆိုပြီး ကတိမတည်ကာ မသိချငိယောင်ဆောင်နေသည်မို့ သူ့ဘာသာပင် ပြောလိုက်ရသည်။ အခုလည်း ဟျွန်းဂျင်နဲ့သူ့ကို ရင်းနှီးအောင် လုပ်ပေးနေသည်က သက်သေပင်။ ပိုက်ဆံတွေသာ မမက်ခဲ့ဘူးဆိုရင် မမဟယ်မင်က တကယ်ကောင်းတဲ့အမျိုးသမီးတစ်ယောက်ပင်။
"ခေါ်သွားမယ်မလား သား"
စကားစထွက်မလာသော ဟျွန်းဂျင်ကြောင့် ထပ်ထွက်လာပြန်သော မမ၏အသံ။
"ဟုတ်"
ဟျွန်းဂျင် အဖြေကြားမှသာ ပြုံးလိုက်ပြီး သက်ပြင်းငွေ့ငွေ့ချသည်ကို မြင်လိုက်သည်။
"မမ သွားတော့မယ်နော် Company က လွှတ်ထားလို့မရလို့"
သူ့ဘက်ကို လှည့်ကြည့်ကာ သူ့နဖူးထက်ကို အနမ်းတစ်ပွင့်ပေးပြီး အလျင်အမြန်ပင် ထွက်သွားသော မမဟယ်မင်ကိုသာ လိုက်ကြည့်နေမိသည်။
'Wtf ငါအခု အနမ်းခံလိုက်ရတာလား'
'အံမယ်လေး ဒါလေးကို ရှက်နေတယ်'
'CAP ငါက တစ်ခါမှအနမ်းခံဖူးတာ မဟုတ်ဘူးကွ'
'မာစတာမှာ ရည်းစားမရှိမှန်းသိပါတယ် ကိုယ့် ဂုဏ်ကိုယ်ဖော်မနေနဲ့'
"ကျေနပ်နေတာလား"
ဟျွန်းဂျင်အသံကြောင့် စိတ်ထဲတွင် CAPနဲ့ရန်ဖြစ်နေရာမှ အာရုံအစုံကို ဟျွန်းဂျင်ဆီသို့သာ ဦးတည်လိုက်သည်။ပါးစပ်ကသာ သူ့ကိုပြောနေပေမယ့် မျက်လုံးအစုံတို့ကတော့ အာရုံမစိုက်သလို ပုံစံမျိုးနှင့် သူ့ကော်ဖီကိုသာ သောက်နေသည်။