"မာစတာ ဇာတ်လိုက်နဲ့ပက်သက်ပြီးရသင့်တဲ့အမွေတွေကို ပြန်ယူရပါမယ်"
အိပ်ခန်းထဲမှာ စာအုပ်ဖတ်နေတုန်း ပြောလာသော CAPစကားကြောင့် ဖတ်လက်စစာအုပ်ကို အားနဲ့ပိတ်လိုက်ကာ CAPနှင့်အကြည့်ချင်းဆုံလိုက်သည်။
"ဒီမစ်ရှင်ကတော့ ခက်သွားပြီကွ"
မကျေနပ်စွာ CAPကို ရန်တွေ့မိသည်။တကယ်လည်း ခက်ခဲနေတာကြီးကို သူကဘယ်လို ပြန်ယူရမှာလဲ။ဒီလောက်နှစိတွေအကြာကြီးကိုတောင် လက်၀ယ်အုပ်ထားတာကို အခုချိန်ကျမှထပြီး ဘယ်လိုပြန်ယူပေးရမှာလဲ။
"Company နဲ့ပက်သက်တဲ့စာရွက်စာတမ်းတွေကို အရင်ရှာရပါ့မယ် ဟျွန်းဂျင်အဖေထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေက ဘယ်သူ့နာမည်နဲ့လဲဆိုတာလည်း အခုထိမသိရသေးပါဘူး မသိရအောင်လည်း သက်သက်မဲ့လုပ်ထားတာပါ ဒါပေမယ့် Company တွေမှာတော့ အခုချိန်ထိ ဟျွန်းဟျင်မိထွေးကပဲ ရှဲလ်ယာအများဆုံးဖြစ်နေတုန်းပါ"
"Company ကတစ်ခုတည်းမဟုတ်ဘူးလား?"
"မဟုတ်ဘူး မာစတာ Company က သုံးခုလောက်မှာ ရှဲလ်ယာအများဆုံးနဲ့စီမံပိုင်ခွင့်ရှိပြီး တခြားမှာပါထားတဲ့ ရှဲလ်ယာတွေကလည်း အများကြီးရှိပါသေးတယ်"
"Wow"
"ဇာတ်လိုက်ကလည်း ဒီအဖြစ်မှန်တွေမသိသေးပါဘူး သူ့မှာပိုင်ဆိုင်မှုဘယ်လောက်ရှိလဲဆိုတာလဲမသိပါဘူး မာစတာရဲ့ဒီတစ်ခေါက်မစ်ရှင်က အရေးကြီးပါတယ်"
"Point က?"
"မစ်ရှင်သာ အောင်မြင်ရင် points 1000ရမှာပါ ဒါက မစ်ရှင်တစ်ခုမှာ အများဆုံးအဖြစ်သတ်မှတ်ထားတဲ့ Point ပါပဲ"
မျကိလုံးဝိုင်းဝိုင်းလေးထဲမှာ စိုးရိမ်စိတ်တွေနှင့်အတူ ပြောလာသော CAPကြောင့် ထပြီး ပွေ့ချီလိုက်ကာ ရင်ခွင်ထဲထည့်ထားပြီး ပွတ်သပ်မိနေသည်။
"ဘာမှစိတ်မပူနဲ့ ငါ့မှာမင်းလည်းရှိနေတာပဲ"
ထိုစကားကြောင့် ပါးနှစ်ဖက်ရဲသွားတဲ့ ဖြူဖျော့ဖျော့ကောင်ကြောင့် ပြုံးလိုက်မိသည်။တကယ်ချစ်ဖို့ကောင်းလွန်းသည် အချိုးလေးသာပြောင်းရင်။