"Master ရဲ့ပထမဆုံး mission ကိုစလုပ်ရပါမယ်"
အိပ်နေသော သူ့ဘေးနားကို ကပ်လိုက်ကာ နားဘေးနားကပ်ပြီး လက်သေးသေးတွေဖြင့် သူ့ပါးကိုတဖက်ဖက် ရိုက်ကာ ပြောလာသည်။
"အိပ်နေတယ် ထမှ ဆက်ပြော"
"အဲ့လိုလုပ်လို့မရပါဘူး Master "
ထိုစကားကြောင့် မထချင်ထချင်နှင့် အိပ်ချင်မူးတူးဖြစ်နေကာ ကုတင်ပေါ် ထိုင်နေမိသည်။
"Master ကျောင်းကိုသွားပြီး ဇာတ်လိုက်ကို ကူညီပါ ကျောင်းမှာ ဇာတ်လိုက်ကို တစ်ယောက်ယောက် အနိုင်ကျင့်ပါလိမ့်မယ်"
"အဲ့တာသူ့စောက်ကြောင်းလေ"
ပြောပြီး ပြန်လှဲအိပ်နေသော သူ့၏ Master ကြောင့် စိတ်တွေလဲတိုလာရသည်။ဘယ်လိုလူဆီ ရောက်လာရလဲ မသိ။စိတ်ရှိတိုင်းလုပ်လိုက်ရရင် သူ့Masterတစ်ခုခုဖြစ်နေလောက်ပြီ။
"Master Point 20000 ရမှ လက်ရှိကမ္ဘာကို ပြန်နိုင်မှာပါ"
အဲ့တော့မှ ပြန်ထလာကာ သူ့ကိုစူးစိုက်ကြည့်နေပြန်သောကြောင့် ခေါင်းသာခါရတော့သည်။
"မစ်ရှင်တစ်ခုတိုင်းမှာ ဆုလဒ်လည်းရှိသလို အပြစ်ဒဏ်လည်းရှိပါတယ်"
"ဆုလဒ်ကဘာလဲ"
"သတ်မှတ်ထားတဲ့ point တွေရပြီး တခြား လက်ဆောင်အဖြစ်ပေးတာတွေပါရမှာပါ ဒါပေမယ့် မစ်ရှင်မအောင်မြင်ခဲ့ရင် ပြစ်ဒဏ်အနေနဲ့ သေလောက်အောင် လျှပ်စီးလွှင့်ခြင်းကိုခံစားရမှာပါ"
သူ့လက်တွင်ပတ်ထားသော လက်ပတ်ကို ပြကာ ပြောလာသော ဖြူဖျော့ဖျော့ကောင်။ဆိုလိုတာက အဲ့ကနေ လျှပ်စီးတွေထွက်လာမယ်ပေါ့။
"မင်းကို ပြစ်ဒဏ်အကြောင်းမေးလို့လား"
"Master ကျောင်းသွားဖို့အတွက် ပြင်ဆင်ဖို့အချိန်တန်ပါပြီ ပထမဆူံး မစ်ရှင်အတွက် pointက 500ပါ"
ဘေးနားကပွစိပွစိပြောနေသော CAPဆိုတဲ့အကောင်ကို ခေါင်းအုံးနဲ့ပစ်ပေါက်ပြီး ရေချိုးခန်းထဲ အမြန်ပြေး၀င်လိုက်သည်။သူ့လက်ရှိကမ္ဘာမှာ ပြန်ရှင်သန်နိုင်ဖို့အတွက် အခုအကောင်းဆုံးလုပ်ရမည်။မြန်မြန်ပြန်ချင်ရင် point တွေမြန်မြန်ရအောင်လုပ်ရမည်။