Part 2 (uni&zawgyi)

1.4K 56 6
                                    

Unicode

🌷ဘေးအိမ်ကကိုကြီး🌷

🌿အပိုင်း ၂🌿

🌿🌷🌿 နေမင်းဆက် အိမ်ထဲ၌ပစ္စည်းတွေနေရာချအပြီး အိမ်တွင်း ချိူးရေ သုံးရေရဖို့လုပ်ရလေသည်၊အိမ်တစ်အိမ်မှာအဓိကလိုအပ်တာက ရေမဟုတ်လား၊သူအိမ်ဘေးကရေတိုင်နဲ့ရေချိုးကန်အနား သန့်ရှင်းလုပ်အပြီး ရေတိုင်ကိုစစ်ကြည့်တော့ပျက်နေလေသည်၊
အိမ်ကလူမနေတာကြာပြီမို့ ရေပိုက်တွေကလဲရေဂျိုးတွေနဲ့ဟောင်းနေကာ ရေတိုင်ကလဲ ရေမလာတော့ချေ၊သူ့မှာမေမြို့ကအိမ်မှာတည်းကဝယ်ထားခဲ့သည့် ၈လက်မရေမော်တာတစ်လုံးရှိပေမယ့် ရေတိုင်မပြင်ရသေးဘဲတပ်လို့မရ၊တပ်တာကသူတပ်တတ်ပါသည်၊

'အဲဒါမှပြဿနာ သုံးရေရော ချိုးရေရော မရလို့မှမဖြစ်တာကို'

'သားရေ'

'ဗျာ မေမေ '

'မီးသီးတွေဒီမှာတွေ့ပြီသား ဒီမှာ'

'ဟုတ်မေမေ အဲနားလေးချထားလိုက် အရင်ဆုံးသားရေသန့်ဘယ်မှာဝယ်ရမလဲ ဒီအနီးနားကတစ်ယောက်ယောက်ကိုမေးကြည့်လိုက်မယ်'

'မေးမယ်ဆို ဘေးကအိမ်တွေဆီအရင်မေးကြည့်ပါ့လားသားရေ'

အိမ်ထဲမှာ အထုပ်ပိုးတွေဖြည်နေသည့်မေမေကလှမ်းညွှန်ကြားနေလေသည်၊
ဟုတ်ပါသည်၊ဘေးကအိမ်တွေကိုအရင်မေးကြည့်မှဖြစ်မည်၊ဒီရပ်ကွက်ရဲ့အနေထား ဘယ်နားဘာရှိသလဲသူလဲမသိ၊ဒါပေမယ့် ကိုယ်ကခုမှဒီကိုရောက်ခါစမို့နေမင်းဆက် ‌သွားမမေးရဲပါ၊
သူ့အိမ်နဲ့ကပ်ရပ်ခြံက ဟိုဘက်ဒီဘက်အိမ်နှစ်အိမ်ကို သူကြည့်နေရင်းခေါင်းပင်ကိုက်လာချေပြီ၊

'လူရိပ်လူယောင်တောင်မမြင်ရတာ ငါဘယ်ကဘယ်လိုသွားမေးရပါ့မလဲကွာ'

ကြံရာမရတဲ့အဆုံး၊

'မေမေ‌ မေမေ'

'ဟေ သားရေ ခဏ'

နေမင်းဆက်တစ်ယောက်တည်းသွားမမေးရဲသည်မို့မေမေ့ကိုပါစစ်ကူခေါ်လိုက်ရလေသည်၊
ခဏအကြာမေမေအိမ်ထဲကဖြည်းညင်းစွာထွက်လာလေသည်၊

'ဘာလဲသား'

'ဟို အိမ်နီးနားချင်းနှစ်အိမ်ကို ရေတိုင်ပြင်တဲ့လူဘယ်နားရှိလဲမေးကြည့်ရအောင်'

 ဘေးအိမ်က ကိုကြီး  /  ေဘးအိမ္က ကိုႀကီး OCTempat cerita menjadi hidup. Temukan sekarang