သားကြီး ကားအဆင်သင့်လုပ်ထား ခဏနေရင်
အဖေတို့လေဆိပ်သွားမယ် နောက်ကျလို့မဖြစ်ဘူး
တော်ကြာ အဖေတို့နောက်ကျနေရင် သားငယ်က
စိတ်ဆိုးနေမယ် သားကြီးသိတယ်မှတ်လား
မင်းညီလေးက စိတ်တိုးရင်ချော့မရဘူးဆိုတာသိတာပေါ့အဖေရာ.....
ညီလေးက စိတ်ဆိုးလဲလွယ်တယ်
စိတ်ကောက်လဲလွယ်တယ်လေ ပြီးတော့
ကြီးတာတွေငယ်တာတွေနားမလည်ဘူး
အနိုင်ကျင့်မယ် အနိုင်ယူမယ်
အဲဒါသူ့အကျင့်ပဲအဖေနိုင်ငံခြားကပြန်လာတဲ့ Jungkook ကိုကြိုဖို့
လေဆိပ်ကို Jimin တို့သားအဖနှစ်ယောက်ကားဖြင့် ထွက်သွားကြတော့သည်အင်္ကျီအနက်/ဘောင်းဘီအနက်/ဦးထုပ်အနက်/ဖိနပ်အနက်နှင့်Maskအနက်ရောင်ကိုတပ်ကာ
လေဆိပ်ကိုရောက်လာခဲ့တော့သည်လူတွေကြားထဲကနေ သူ့အဖေကို မျက်လုံးလေးဝေ့ပြီးရှာနေစဉ်
Shirtအင်္ကျီအဖြူရောင်လေး ဝတ်ထားတဲ့ Jimin က
လက်ပြကာခေါ်လိုက်သည်Jungkook လည်း
အထုပ်ဆွဲကာ Jimin လက်ပြရာနေရာသို့ ဦးတည်၍ဆက်လျှောက်လာခဲ့ပြီး Jungkook အဖေဖြစ်သူ သူဌေးကြီးJeon ကိုပြေးဖက်လိုက်တော့သည်ဟာ Daddy.....
သားက Daddy ကိုလွမ်းနေတာDaddy လဲသားကိုလွမ်းနေတာပါကွာ...
ဟိုမှာနေရတာဘယ်လိုလဲသား အဆင်ပြေရဲ့လားအဆင်ပြေပါတယ်
ရောက်စတုန်းကတော့ အခက်ခဲရှိပေမဲ့ အချိန်နည်း"ကြာလာတော့လဲ အဆင်ပြေသွားတာပဲဟုတ်ပါပြီ....
သားဒီမှာဘယ်သူလဲကြည့်ပါအုံး
မင်းကိုကြီးလေ.....ကိုကြီးကိုနှုတ်ဆက်လိုက်အုံး
သားကြီးကမင်းကို သိပ်တွေ့ချင်နေတာ....အခုလဲတွေ့နေရတာပဲ
နှုတ်ဆက်ဖို့လဲ မလိုလောက်ဘူးလို့ သားထင်တယ်သားးးး
မင်းအကို ကိုဘယ်လိုပြောလိုက်တာလဲ....
ဒီကောင်တော့ရ.....ရပါတယ်အဖေရယ်
သားကိုမနှုတ်ဆက်လဲ သားအဆင်ပြေပါတယ်
ပြီးတော့ သားတို့က ညီအကိုတွေပဲ သားသူ့ကို
ခွင့်လွှတ်ပါတယ်ဘာညီကို
မင်းနဲ့ငါက ညီအကိုတွေလဲမဟုတ်သလို
ဘာမှလဲမတော်ဆက်ဘူး parkJimin မင်းကို
Daddy က.......
YOU ARE READING
မောင့်အပိုင်
Fanfictionဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့မင်းကို နည်း"တော့ အံ့ဩမိတယ် မင်းရုပ်ရည် မင်းပုံစံနဲ့ ကောင်မလေးတွေဝိုင်း"လည်နေတာကို မစ်းကစိတ်မဝင်စားဘူးဆိုတော့ ဘာလဲ မင်းက ယောက်ျားချင်းပဲစိတ်ဝင်စားတာလား #JungKook ငါတို့ အရင်တုန်းကလို ကလေးတွေမဟုတ်တော့ဘူး မင်းနဲ့လဲ စကား...