ညနေဆည်းဆာအချိန်တွင် ဆေးရုံဆင်းလက်မှတ်ကဒ်ကလေးကိုင်ကာ Jimin သည် သူ့အကို SeokJin လာအကြိုကိုစောင့်နေတော့သည်။အထုတ်ပိုးတစ်ချို့ကိုတော့ Jimin အဖေက ယူပီး အိမ်ပြန်နှင့်တော့သည်။ညီလေးကိုသိပ်ချစ်တဲ့ SeokJin က ရည်းစားကိုပင် မစောင့်နိုင်ပဲ ဆေးရုံကိုကိုယ်တိုင်ကားမောင်းပီးရောက်လာခဲ့သည်။ ဆေးရုံထဲ ထိုင်စောင့်နေတဲ့ ကောင်လေးကတော့ 16နှစ်သားလေးလို အင်္ကျီလက်တို ဘောင်းဘီတိုလေးဖြင့် ထိုင်စောင့်နေတာလေးက တကယ့်ကလေးလေးတစ်ယောက်လိုပင်။လူကြီးဆန်ဆန်မြင်နေကြသူတွေအတွက်တော့ Jimin ရဲ့ အခုလိုပုံစံကိုသာမြင်ရင်ဖြူဖြူလုံးလုံး ခလေးလေးတစ်ယောက်လို ထင်ကြမှာမလွဲ။အကိုဖြစ်သူ SeokJin တောင် သူ့ညီကို နှစ်ခါပြန်ကြည့်ပီးမှ အိမ်ပြန်ဖို့ခေါ်လိုက်တော့သည်။
"စောင့်နေတာကြာပီလား ညီလေး..."
"အင်း နည်းနည်းတော့ကြာပီ ကိုကြီးလာမယ်ပြောထားလို့ ညီလေးစောင့်နေတာ..."
"နောက်ကျသွားလို့ ကိုကြီးတောင်းပန်ပါတယ်"
"ရပါတယ်.....ညီလေးက ကိုကြီးနဲ့အတူအိမ်ပြန်ရမှာမို့လို့ပျော်နေတာ"
"ဟုတ်လား....ညီလေးပျော်သလိုကိုကြီးလဲပျော်ပါတယ်.....ဒါဆိုပြန်ကြမယ်လေ ညီလေးရဲ့အထုတ်တွေရေဦ ဘယ်မှာလဲ...."
"အထုတ်တွေက အဖေယူသွားပီ...ညီလေးနဲ့အကိုကြီးနှစ်ယောက်လုံးပြန်ရုံပဲရှိတော့တာ"
"အော် ဟုတ်လား....ဒါဆိုကိုကြီးတို့ ညီကိုနှစ်ယောက်ပြန်ကြမယ်လေ... "
"ဟုတိကဲ့ကိုကြီး"
ညီကိုနှစ်ယောက် ဆေးရုံကနေအပြန်လမ်းမှာ ကားပေါ်မှာ ငယ်ဘဝအကြောင်ူလေးတွေ ရှေးဟောင်းနှောင်းဖြစ်ပြောရင် ပြန်လာခဲ့ကြသည်။လူနာစောင့်ပေးတဲ့ သူဌေး Jeonကအရင်ရောက်နှင့်နေပီး လူနာဖြစ်တဲ့ Jimin ညနေ6နာရီထိုးတဲ့ထိ ပြန်မရောက်သေးတာကြောင့် JungKook တစ်ယောက် ဖ/င် တကြွကြွဖြင့် အိမ်အပြင်ကို ခေါင်းလေးပြူပီး ကြည့်ရတာအမောပင်။
"တီ.....တီ......တီ....."
"ဦးလေး...ဟိုမှာကားလာနေတယ် တံခါးအမြန်ဖွင့်ပေးလိုက်ပါ...."
YOU ARE READING
မောင့်အပိုင်
Fanfictionဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့မင်းကို နည်း"တော့ အံ့ဩမိတယ် မင်းရုပ်ရည် မင်းပုံစံနဲ့ ကောင်မလေးတွေဝိုင်း"လည်နေတာကို မစ်းကစိတ်မဝင်စားဘူးဆိုတော့ ဘာလဲ မင်းက ယောက်ျားချင်းပဲစိတ်ဝင်စားတာလား #JungKook ငါတို့ အရင်တုန်းကလို ကလေးတွေမဟုတ်တော့ဘူး မင်းနဲ့လဲ စကား...