Part(15)

1.6K 120 19
                                    


ဒေါက် ဒေါက် ဒေါက်....."သားJungKook"
"မထသေးဘူးလား...ထတော့လေ"
ဒေါက် ဒေါက် ဒေါက်......"သားငယ်...."

"အာ... Daddy ကလဲအစောကြီးရှိသေးတယ်"
"ဘာလို့နိုးနေတာလဲ company ကိုသွားဖို့ကအစောကြီးရှိသေးတယ်လေ"

"ဟေ့ကောင် ငါအခုနိုးနေတာက company ကိုသွားဖို့မဟုတ်ဘူး"
"မင်းနဲ့ပေးစားမဲ့ ကောင်မလေးမိသားစုနဲ့တွေ့ဖို့ မင်းကိုနိုးနေတာ...ထအခု"

"ဗျာ.. Daddy ..."
"သားမယူဘူးလို့ပြောထားတယ်နော်"
"ပြီးတော့လိုက်လဲမတွေ့နိုင်ဘူး"

‌"အောင်မှာ မင်းကိုငါကကောင်းမယ်ထင်လို့စီစဉ်ပေးနေတာ"
"မင်းဘာမှအထွန့်မတတ်နဲ့ အခုပဲရေမိုးချိုးပြီးပြင်ဆင်ထား 7နာရီထိုးရင်သွားမယ် ဒါငါ့အမိန့်ပဲ"

သးဌေးJeonသည် JungKook ရဲ့အခန်းထဲမှ အပြင်ထွက်လာတော့ အခန်းပေါက်မှာ မတ်တပ်ရပ်နေတဲ့ Jimin ကို နားချလိုက်အုံးဟု မျက်နာရိပ်မျက်နှာကဲဖြင့်ပြသွားသည် Jimin သည်လဲ အဖေရဲ့မျက်နှာကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ရသည် သူဌေး Jeonရဲ့မျက်နှာလဲမှုန်ကုတ်နေပြီး အောက်သို့ဆင်းသွားတော့သည်

"မောင်"
"အခုချိန်မှာ မောင်စိတ်ညစ်နေမယ်ဆိုတာ Hyung သိပါတယ် ဒါပေမဲ့ အဖေစီစဉ်ပေးတဲ့မိန်းခလေးကို မောင်သွားကြည့်သင့်တယ်"

"Hyung"
"မောင့်မှာ Hyung ရှိပြီးသားလေ"
"ဘာလို့မောင်ကအဲ့မိန်းခလေးကိုသွားကြည့်ရမှာလဲ အဓိပ္ပါယ်မရှိတာတွေ..."

"မဟုတ်သေးဘူးမောင်"
"Hyung  ပြောချင်တာက အဲ့မိန်းခလေးကိုတွေ့ပြီးစကားလေးဘာလေးပြောကြည့်သင့်တယ်
ပြီးမှမောင်လက်မခံနိုင်ရင် လက်မခံနိုင်ဘူးလို့ အဖေကိုပြောပေါ့ အခုလောလောဆယ် အဖေ့မျက်နှာလဲမကောင်းဘူး  ဒီတော့မောင်အသာတကြည်လိုက်သွားလိုက်ပါ ဒါမှအဖေလဲစိတ်ချမ်းသာမှာလေမောင်ရဲ့နော်......

"ဒါဆို ...... မောင်လိုက်သွားလိုက်ပါ့မယ်"
"Hyung သာ မောင့်ကိုစောင့်နေနော်"

"လိမ္မာလိုက်တာမောင်ရယ်...."
Hyung လေ မောင့်ကိုသိပ်ချစ်တာပဲသိလား

"မောင်ကလဲ အဆပေါင်းများစွာချစ်တယ်ဆိုတာ Hyungသိထားပါ"
Jimin ရဲ့ပါးဖောင်းဖောင်းလေးကို JungKook ရဲ့နှာတံလေးနစ်ဝင်သွားတဲ့ထိ ဖိနမ်းလိုက်သည်

မောင့်အပိုင်Where stories live. Discover now