part.23

1.3K 105 12
                                    

စေ့စပ်ပွဲလဲပျက် Jimin လည်းမူးလဲသွားတာကြောင့် သူဌေး Jeon သည် ဆေးရုံကခုံတန်းလေးပေါ်မှာ စိတ်ညစ်ညစ်ဖြင့် ထိုင်နေခဲ့သည်။

"ငါ့သားနှစ်ယောက်က ဘယ်လိုကနေဘယ်လို ချစ်နေကြတာလဲ...... ဘယ်တုန်းကချစ်သူတွေ ဖြစ်သွားကြတာလဲ...... ညီကိုအရင်းတွေမဟုတ်လို့ ငယ်ငယ်က မတည့်ကြတာကိုငါနားလည်တယ် အချိန်တန်အရွယ်ရောက်ရင် တစ်ယောက်ကိုတစ်ယောက် ညီကိုတွေလို စောင့်ရှောက်ကြလိမ့်မယ်လို့ ငါတွေးပီးထင်ထားခဲ့တာ အခုကြ ညီကိုအရင်းထက်ကျော်လွန်ပီး ချစ်သူဖြစ်နေတာကို ငါဘယ်လိုမှလက်မခံနိုင်ဘူး...... နှစ်ယောက်လုဲးက ငါမွေးထားတဲ့သားတွေဖြစ်နေလို့ ညီကိုတွေဖြစ်နေလို့ ငါသဘောမတူဘူး.......သားငယ်ကငါ့သားအရင်းဆိုပေမဲ့ သားကြီးကိုလဲ ငါ့သားအရင်းတစ်ယောက်လို ငယ်ငယ်ထဲကပြုစုစောင့်ရှောက်ပီး မွေးစားခဲ့တာ....အခုလိုညီကိုအချင်းချင်းပြန်ယူမှာကို ငါအဖေတစ်ယောက်အနေနဲ့ သဘောမတူဘူး....လက်မလံဘူး...."

ဆေးရုံတင်ထားရတဲ့ ချစ်သူလေးကို အရမ်းစိတ်ပူပီး ထိုင်မရထမရဖြစ်ခါ အရေးပေါ်ခန်းရှေ့တွင် ခေါက်တို့ခေါက်ပြန်လျှောက်နေခဲ့သည်။

"Park Jimin လူနာရှင်ရှိလား....???

"ရှိပါတယ်...ရှိပါတယ် ဒေါက်တာ... Hyung အခြေနေကဘယ်လိုလဲဟင် စိုးရိမ်ရလား...!!!!

"စိုးရိမ်စရာတော့မရှိပါဘူး...ဒါပေမဲ့  ခုထိတော့သတိမရသေးဘူး....လူနာက သွေးပေါင်တွေကျပီး အရမ်းအားနည်းနေတယ်....သွေးပေါင်ကတော်တော်ကျနေတော့ သွေးပုလင်းတော့ချိတ်ရမယ်...ခင်များက Aသွေးလားး!!!!

"မဟုတ်ဘူး ဒေါက်တာ...."

"ဒါဆိုAသွေးအမြန်ရှာပါ လူနာက သွေးသွင်းမှရမှာ....."

"ဟုတ်ကဲ့ ဒေါက်တာ ကျွန်တော်အမြန်ရှာခဲ့ပါ့မယ်...."

ဒူ....ဒူ....ဒူ....

"ဒီနေ့မှပဲ ငါ့စိတ်တွေလေးနေတယ်...ညီလေးကိုလဲ အရမ်းသတိရနေတယ်ကွာ....ဖုန်းကိုင်ပါ ညီလေးရာ...."

ဒူ...ဒူ....
"ဘာလို့ဖုန်းမကိုင်တာလဲ...အလှုပ်များမအားလို့လား....ဟင်းးး အော်..ငါခုမှသတိရတယ် ညီလေးငါ့ကို အိမ်လိပ်စာကဒ်ပေးထားတာပဲငါအိမ်ပဲလိုက်သွားတော့မယ်..."

မောင့်အပိုင်Where stories live. Discover now