Part 7🔞

5.5K 227 0
                                    

Jungkook သည် ကားဂိုထောင်ထဲသို့ ကားဝင်ထားခါ နှုတ်ခမ်းလေးထော်ပြီး လေလေး တစ်ချွန်"နဲ့ပင်
အိမ်ထဲကို ခြေလှမ်းလေးနှစ်လှမ်းလောက်ပဲ လှမ်းရသေးချိန် Jungkook ဆိုပြီး အော်ခေါ်လိုက်သည်
ခေါ်သည့် အသံကြားရာကိုကြည့်လိုက်သောအခါ
လှေကားထစ်ပေါ်သို့ မျက်မှောင်ကျုံကာ ရပ်ကြည့်နေသော သူ့အဖေ သူဌေးJeonဖြစ်နေသည်

မင်းပြန်လာတာ ဘယ်ချိန်ရှိနေပြီလဲ ......
ကိုယ့်နာရီကို ပြန်ကြည့်အုံး.....

Daddy ကလဲ ခုမှ 11:30ပဲရှိသေးတယ်

အောင်မှာ.....11:30ကို စောနေသေးတယ်ထင်နေတာလား မင်းကို ငါမပြောဘူးလို့ လုပ်နေတာ
မပြောလို့လဲ မရတော့ဘူး မင်းအချိုးတွေ မင်းအကျင့်တွေ ဘယ်တော့ ပြင်မှာလဲ  နိုင်ငံခြားကနေ ပြန်လာထဲက ခုထိ အလေလိုက်နေတာ မင်းကိုယ်မင်း ဟုတ်လှပြီထင်နေလား

Daddy ကလဲဗျာ....
သားကအခု ဘာတွေများ လုပ်နေလို့လဲ

အေးး ဘာမှမလုပ်လို့ ပြောနေတာကွ
မင်းနဲ့ ရွယ်တူ တန်းတူ ကောင်လေးတွေဆိုရင်
သူ့အဖေရဲ့ အလုပ်တွေကို ဝိုင်းကူလုပ်ပေးနေလို့
အားကိုးနေရပြီ ငါ့ဖြင့် ဘယ်မလဲ အားကိုးရမဲ့သား
အချိန်ပြည့်အလေပဲလိုက်နေတာ

Daddy မှာ အားကိုးရမဲ့ သားရှိပါတယ်
သားကို အားမကိုးရပေမဲ့ Daddy ရဲ့ သားကြီးကို အားကိုးနေရတာပဲလေ သားက ဘာလုပ်စရာများ လိုသေးလို့လဲ

လိုတယ်ကွ..... လိုတယ်
သူကသူ မင်းကမင်းပဲ ငါမရှိတော့တဲ့ အချိန်ကြရင်
မင်းဘယ်လို လုပ်မလဲ မင်းအကိုကိုပဲ အားကိုးနေမှာလား လူဆိုတာ အချိန်တန်ရင် ကိုယ့်လမ်းကို လျှောက်ရမှာ မင်းလဲ မင်းလမ်းမင်းလျှောက်ရသလို
မင်းအကိုလဲ သူ့လမ်းသူလျှောက်ရမှာပဲ

Daddy ကလဲဗျာ ဘာတွေ ပြောနေမှန်းမသိဘူး
သူ့လမ်းတွေရော ကိုယ့်လမ်းတွေရော ရှုပ်ယှက်တွေခက်နေတာပဲ Daddy ပြောချင်တာ ဒါပဲမှတ်လား
သားအိပ်တော့မယ်

ပြောလိုက်ရင် အဲ့တိုင်းကြည့်ပဲ
Daddy ပြောထားတယ်နော် အလုပ်"ဖို့ စဉ်းစားထားး

လှေကားနားမှာ bootဖိနပ်ချွတ်ပြီး အပေါ်ထပ်ကို
ခြေသံကြမ်း"ဖြင့်တတ်သွားလိုက်သည် Jungkook သည် သူ့အခန်းပေါက်ကိုရောက်တော့ နောက်ကျောဘက်က Jimin ရဲ့အခန်းကို လှည့်ကြည့်ကာ အတွေးတစ်ခုဝင်ပြီး Jimin ရဲ့အခန်ဘက်ကို ဦးတည်ကာ လျှောက်သွားပြီး တံခါးပေါက်ကိုခေါက်ခါ တံခါးဖွင့်ပေးဖို့ ပြောလိုက်သည်
Jimin သည်လည်း အိပ်ချင်ဟန်ဆောင်ကာ ထဖွင့်မပေးခဲ့

မောင့်အပိုင်Where stories live. Discover now