Part.25

1.4K 90 8
                                    

"Hyung ဖုန်းဆက်ခေါလို့ ကျွန်တော်အမြန်လာခဲ့တာ မနက်စာတောင်မစားခဲ့ဘူး Hyung ဘာဖြစ်လို့လဲဟင်....နေမကောင်းလို့လား.....????

Nam Joonက စိုးရိမ်တကြီးဖြင့်  SeokJin နှာဖူးလေးကို လက်နဲ့စမ်းကြည့်လိုက်သည်။

"Joon.... Hyung ဘာမှမဖြစ်ပါဘူး အဲလောက်လဲစိုးရိမ်မနေနဲ့.... Joon ကို Hyung ခေါ်လိုက်တာက ညီလေးစီသွားမလို့!!!

"Hyung သွေးလှူထားတယ်လေ...အားမှမရှိပဲ ကိုယ့်ကိုကို အရင်ဂရုစိုက်ပါ.... Jimin အတွက်ဘာမှစိတ်ပူမနေနဲ့ ကျွန်တော့်အကို Yoongi လဲ Jimin အနားမှာရှိပါတယ် သူဂရုစိုက်ပေးမှာပါ"

"ဘယ်လိုပဲဖြစ်ဖြစ် Hyung သွားကြည့်ချင်တယ်.....ညီလေးသတိရလာမှ Hyung စိတ်အေးရမှာ...."

"ဟုတ်ပါပီဗျာ...ကျွန်တော်က ကျွန်တော့်ချစ်သူလေး ပင်ပန်းမှာစိုးလို့ တားနေတာပါ Hyung ကသွားချင်တယ်ဆိုတော့လဲ ကျွန်တော်လိုက်ပို့ပါ့မယ်...."

Jimin ကို စိုးရိမ်လွန်နေသော SeokJin ‌ကတော့ ဆေးရုံကိုသွားရန် Nam Joon နဲ့အတူထွက်သွားကြတော့သည်။
အစောကြီးနိုးနေသော Jimin သည် တစ်ညလုံး လှုပ်မရအောင် ဘေးမှာ အိပ်နေတဲ့ ကောင်လေးက တင်းနေအောင်ဖက်ထားတာကြောင့် ကျောပြင်က ပူနွေးကာနေတော့သည်။ ကျောညောင်း၍ ဘေးလှည့်မည်လုပ်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ကောင်လေးက ဖက်ထားသေး လက်ကလေး ပြုတ်ထွက်သွားတာကြောင့် လန့်ပီး မျက်လုံးဖွင့်ကြည့်လိုက်သည် ။

"Hyung ...ဘယ်သွားမလို့လဲ???

"ဘယ်မှမသွားပါဘူး ညောင်းလို့ ဟိုဘက်လှည့်ပီးအိပ်မလို့..... အခုတော့မအိပ်တော့ဘူး!!!!

"ဟင်.....ဘာဖြစ်လို့လဲ...???

"အပြင်လိုက်လှမ်းကြည့်လိုက်မိုးလင်းနေပီလေ...အဲတော့မောင်လဲထတော့.... Hyung လဲမျက်နှာသွားသစ်လိုက်အုံးမယ်"

"Hyung...မောင်လဲ တစ်ခါထဲလိုက်ခဲ့မယ်"

"အင်းအင်း..."

"Jimin နိုးပီလား....ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား...!!!

"ကောင်းကောင်းအိပ်ရပါတယ် အကို Yoongi...အကိုရော အောက်မှာအိပ်ရတာအဆင်ပြေရဲ့လား ကျွန်တော်က အကို့ကိုအားနာနေတာ..."

မောင့်အပိုင်Where stories live. Discover now