For Life-1(U)

338 36 2
                                    

ဂျယ်ယွန်းတို့အိမ်မှာ ဖေဖေရယ် မေမေရယ် ဂျယ်ယွန်းရယ် မိသားစုသုံးယောက်ပဲရှိတယ်။ဖိုးဖိုး၊ဖွားဖွားတွေက လေယာဉ်အကြာကြီးစီးရတဲ့ အဝေးကြီးမှာနေတာမို့ အလုပ်များတဲ့ဖေဖေနဲ့မေမေက ဂျယ်ယွန်းကို ဖိုးဖိုး၊ဖွားဖွားတွေစီလဲမကြာခဏလိုက်မပို့ပေးနိုင်ပါဘူး။အဲ့တော့ အိမ်ထဲမှာ ဂျယ်ယွန်းကတစ်ယောက်ထဲဆော့ရတယ်။ ဖေဖေရော မေမေရောက ဂျယ်ယွန်းအတွက်အရုပ်တွေအများကြီးဝယ်ပေးပေမဲ့ တစ်ယောက်ထဲဆော့ရတာမို့ ပျင်းတာပါပဲ။

ဂျယ်ယွန်းကမေမေ့ကို ညီလေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ‌ခေါ်လာပေးပါလို့ပြောတော့ မေမေက "သားသားကငယ်သေးတယ်လေ နောက်ထပ်အငယ်လေးကိုကောင်းကောင်းမစောင့်ရှောက်နိုင်သေးဘူးမို့လို့ တစ်ယောက်ထဲပဲ ပျော်ပျော်ရွှင်ရွှင်ဆော့ပါဦး"တဲ့။
တကယ်တော့ဂျယ်ယွန်းက လုံလုံလောက်လောက်အသက်ကြီးပါပြီနော်။ ဂျယ်ယွန်းကသုံးနှစ်တောင်ရှိပြီ။မန်မန်းတွေလည်း များကြီးစားတယ်၊အေ ဘီ စီလည်းဖတ်တတ်ပြီ၊ဝမ်း တူး သရီးလည်းရွတ်တတ်ပါပြီနော်။
ညီလေး ညီမလေးကိုလည်း ကောင်းကောင်းစောင့်ရှောက်နိုင်ပါပြီနော်...ဂျယ်ယွန်းများကြီးအားသန်နေပြီ။

ဂျယ်ယွန်း ရမ်းပျင်းတာနဲ့ ခြံထဲဆင်းပြီး မြေကြီးတွေကိုတူးပြီးဆော့နေတယ်။ဂျယ်ယွန်းဆော့နေတာ ခဏပဲရှိသေးတယ် မေမေကအိပ်ထဲကနေလှမ်းခေါ်ပါတယ်။
"သားသား ဂျယ်ယွန်းနီး အရမ်းပေကျံအောင်မဆော့နဲ့နော် ခဏနေဖေဖေပြန်လာရင် ညစာစားရတော့မှာကလေးလေး"

"ဟုတ်ရဲ့  သားသားများကြီးပေအောင်ဆော့ဘူးရော် မေမေ"

ဂျယ်ယွန်းမေမေ့ကို ပြန်ဖြေပြီးဆက်ဆော့နေတုန်း ခြံရှေ့ကဖေဖေကားသံကိုကြားရတယ်။ဖေဖေ့ကားက အိမ်ရှေ့ဆင်ဝင်အောက်မှာ ရပ်သွားပြီး ဖေဖေကကားပေါ်ကဆင်းလာတယ်။နောက်ပြီး ဖေဖေ့ကားနောက်ခန်းကနေ ဦးဦးတစ်ယောက်နဲ့အန်တီတစ်ယောက်ထပ်ဆင်းလာတာကိုပါမြင်လိုက်ရတယ်။

ကားပေါ်ကဆင်းလာတဲ့အန်တီကိုကြည့်ရင်းဂျယ်ယွန်းမျက်လုံးကလေးတွေဝိုင်းသွားတယ်
အွီ...အဲ့ဒီအန်တီရဲ့ဗိုက်က ရမ်းဖောင်းနေတယ်နော။  ထမင်းတွေများကြီးစားခဲ့လို့ထင်တယ်။ဂျယ်ယွန်း ထမင်းများကြီးစားပြီးရင်လည်းအဲ့လိုပဲ ဂျယ်ယွန်းဗိုက်ကလေးကရှေ့ကို လုံးလုံးလေးဆူထွက်နေတာပဲ။

𝙁𝙤𝙧 𝙇𝙞𝙛𝙚Where stories live. Discover now