ဒီနေ့တော့ ဂျယ်ယွန်းကကျောင်းပိတ်ပါတယ်။
Primary Schoolကိုတက်နေပြီဖြစ်တဲ့ ဂျယ်ယွန်းက စာတွေများကြီးရေးရ ဖတ်ရပေမဲ့လည်း စိတ်မညစ်ခဲ့ပါဘူး။စာတွေမြန်မြန်ပြီးမှ ဆောင်းဟူးဟူးဆီမြန်မြန်သွားပြီး ကလေးလေးနဲ့ကဗျာတူတူရွတ်နိုင်မှာလေ။ဂျယ်ယွန်းရဲ့ကလေးလေးကခုဆို 3နှစ်တောင်ရှိပြီလေ။
ဂျယ်ယွန်းတက်တဲ့ကျောင်းမှာပဲ pre schoolတက်နေပြီဖြစ်လို့ သူတို့နေ့တိုင်းတူတူကျောင်းသွားနေကြပြီ။ဂျယ်ယွန်းကပြီးစီးသွားပြီဖြစ်တဲ့လေ့ကျင့်ခန်းစာအုပ်ကို ကျောပိုးအိတ်ထဲထည့်ရင်း မေ့မေ့ကိုအော်ပြီးအသိပေးလိုက်တယ်။
"မေမေ သားသား ဆောင်းဟူးဟူးဆီသွားပြီနော""သားသား အိမ်စာတွေကပြီးပြီလား"
"All done yoii"
"အဲ့တာဆို သွားပါရှင် နေ့လည်စာစားချိန်ကျပြန်လာနော်သားသား"
"ဟုတ်ကဲ့ပါခင်ဗျာ"
ပြောရင်း တစ်ဖက်ခြံကိုခုန်ပေါက်သွားတဲ့ သားဖြစ်သူကိုကြည့်ရင်း မဒမ်ရှင်းမ်က ပြုံးနေရုံမျှသာတတ်နိုင်တယ်။"ဆောင်းဟူးဟူး ဆောင်းဟူးဟူး ကိုကိုလာပြီ"
သူအော်ခေါ်ပေမဲ့ ဆောင်းဟွန်းရဲ့အရိပ်မျှပင်မမြင်ရတဲ့အခါ ဂျယ်ယွန်းကအော်နေတာကိုရပ်ပြီး အိမ်ထဲကိုပဲဝင်ရှာလိုက်တော့တယ်။
မီးဖိုချောင်ဘက်ကအသံကြားတာမို့ မီးဖိုချောင်ဖက်ကို ဝင်လိုက်တဲ့အခါမှာ ဂျယ်ယွန်းမျက်လုံးပြူးရတော့တာပဲ။
"ဆောင်းဟူးးး ဘာလုပ်နေတာလဲ မြန်မြန်ဆင်းခဲ့ ထိခိုက်မယ်လေ ကလေးလေး"
"ရှင်းမ်ဂျယ် ရာ ရာ ဟူးဟူးဆီဂိုရာ"
"အဲ့မှာ ခုံပေါ်တက်ပြီးဘာလုပ်နေတာလဲ"
"မေမေ့ မမင်းအိုးရေ မွှေပေးနာ"
ဂျယ်ယွန်းမှာ ပြူးလက်စမျက်လုံးပိုပြူးသွားရပြီး ပြေးကြည့်ရတော့တယ်။
ဆောင်းဟွန်းရယ်လေ အန်တီမေမေချက်လက်စဖြစ်ပုံရတဲ့ ဟင်းချိုအိုးကို ခုံပေါ်ထိတက်မွှေနေတာ တော်သေးတာပေါ့ မီးဖိုကမီးမဖွင့်ထားလို့။