5.4K 440 120
                                    

Unicode...

" သား ဆွမ်းချိုင့်လေး ခြေသွက်လက်သွက်ပို့ပေးစမ်းပါအုံး၊ ဘဘုန်းက ဆွမ်းတောင်ဘုန်းပြီးပြီလားမသိ။ "

" မသွားချင်ဘူး ဘဘုန်းကသားကို ကျောင်းထဲအရိပ်တောင်မချနဲ့လို့ပြောထားတယ် "

" ဟဲ့ ဘယ်လိုဖြစ်ပြန်ပြီတုန်း "

" သားက ကျောင်းထဲက မန်ကျည်းသီးလေးရိုက်ရုံပါ၊ ဘဘုန်းက နှမြောနေတာနေမာ‌ပေါ့။ "

" ဖြစ်ရမယ် ဂျောင်ဂုရယ်၊ နင့်ညီရော ချစ်ရင်ထူး ဘယ်မလဲ။ ခေါ် ခုခေါ်။ "

" လူပျိုလှည့်သွား "

ကိုကြီးဂျောင်ဂုအနိုင်ကျင့်ကာ သူ့အလုပ်ကို လာပြီးလုပ်ခိုင်းသွားလို့ တံမြတ်စည်းလှဲနေတဲ့ ချစ်ရင်ထူးတစ်ယောက် တံမြတ်စည်းအားဘတ်!ခနဲပြစ်ချခဲ့ကာ တစ်ဗျာဗျာ ထူးလို့အိမ်ရှေ့ဝိုင်းထဲပြေးလိုက်သည်။

တော်ကြာ ဒေါ်လေးက နားကိုရက်ပ်ရွတ်ပြနေအုံးမှ ချစ်ရင်ထူးတို့ သေမှာဘဲ။

" ‌ကျနော်လာပြီ ဒေါ်လေး။ "

" မင်းမလည်းတစ်ခုခုဆို မတွေ့ရဘူး၊ ရော့ ဆွမ်းချိုင့်သွားပို့လိုက် မြန်မြန်သွား။ "

" ဟာ ဒေါ်လေး၊ ကျနော် မအားဘူးဗျ ။ "

" ဟဲ့ နင်တို့ညီကိုနှစ်ယောက်က ဘယ်လိုဖြစ်လို့ တစ်ယောက်ကမသွားရဲ တစ်ယောက်ကမအားဖြစ်နေတာတုန်း။ "

" ဒေါ်လေး သားကမသွားရဲတာမှမဟုတ်တာ၊ဒီမှာနေကပူပူနဲ့ဆိုတော့ ပျင်းနေတာကို။ "

ချစ်ရင်ထူးခမျာ ရွာလည်က‌နေတစ်ကွေ့တစ်ပတ်သွားရတဲ့ဘုန်းကြီးကျောင်းကို ဆီပူထဲအကြော်ခံရသလိုချွေးပြိုက်ပြိုက်ကျေ‌စတဲ့‌နေအရှိန်နဲ့ မသွားရဖို့အရေးဝင်လှော်တော့သည်။

" ဘဘုန်းက အခုမှအဲ့လိုပြောတာမှမဟုတ်တာ၊ ‌အစ်ကိုဂျောင်ဂု ဘဘုန်းရဲ့ကြိမ်ဒဏ်နဲ့ကြီးလာတာဘဲကို ဘယ်တုန်းကများ ဘဘုန်းမဆူတာရှိတာကျလို့။ "

" ဟေ့ကောင် ငါကကြောက်လို့ မသွားတာ။ "

ထိုသို့ ကြောက်လို့ဆိုတဲ့လူသည် ဘဘုန်းရဲ့အော်ကြောလန် တစ်မိုးအောက်တစ်ယောက်ဖွား ဂျွန်ဂျောင်ဂုသာဖြစ်တော့သည်။ အမှန်လဲ ဘုန်းကြီးကျောင်းထဲကနေ ကြိမ်လုံးနဲ့လိုက်ရိုက်လို့ပြေးရတာအခါခါ၊ ဘဘုန်းရဲ့ဆူတာခံရတာနဲ့ကြီးလာတဲ့လူက ကြောက်လို့ဆိုတာ ချစ်ရင်ထူးတို့ကတော့ မယုံရေးချမယုံဘဲ။

| ရွှေ‌‌ညာသားရဲ့ ပဝါပါး (၀တ္ထုတို) |Where stories live. Discover now