2K 275 9
                                    

Unicode...

မန်ကျည်းပင်ပေါ်က ပြုတ်ကျပြီး ဖင်နာသွားလို့ သူကြီးသားဆေးကျောင်းသားလေးကို ဖင်ကြည့်ခိုင်းရတဲ့ အရှက်ကွဲမှုမျိုး ခင်ဗျားတို့ကြုံဖူးကြလား။ ဒါက ကျနော့်၁၉နှစ်တာဘ၀ကြီးရဲ့ ဒုတိယတစ်ကြိမ် အရှက်ကွဲရခြင်းဘဲ။ ပထမတစ်ကြိမ်ကတော့ အမေ့ဗိုက်ထဲကတုံးလုံးလေးထွက်လာတာကို မိန်းခလေးတွေအများကြီးမြင်ကုန်ကြတုန်းပေါ့။

" တင်ပါးယောင်နေတာလား အတွင်းကြေသွားတာမျိုးလား ငါကြည့်ဖို့လိုတယ် "

" ....မပြပါဘူး "

" ဓားနဲ့ထွင်းရမယ့်ဒဏ်ရာကို ပုဆိန်နဲ့ပေါက်ရအောင်မလုပ်နဲ့ "

မနေ့တနေ့ကမှ သံသရာတစ်လျှောက်လုံးထမ်းပိုးချင်မိတယ်တွေ မိမိမိုက်မိုက်တော်ကီပြစ်ထားပြီးမှ ဒီနေ့ဖင်လှန်ပြီး ဒဏ်ရာကြည့်ခိုင်းရမယ်ဆိုတာကြီးက သူကြီးသမက်လုပ်မယ့်သမိုင်းမှာ ဖြစ်လာလို့မှမရဘဲ။

" တံတောင်မှာငုတ်နဲ့ခြစ်မိလို့ပြဲသွားတာဘဲ ကြည့်ပေး "

" တော်တော်များလား "

" ဂျီမင်းကိုချစ်တာလောက်ထိတော့မများဘူး "

ခေါင်းအုံးထဲ ထိုးထည့်ထားတဲ့ ခေါင်းကပေါ်လာပြီး တံတောင်ဆစ်ကို ထိုးပြတော့သည်။

" ဆေးအရင်ထည့်ပေးမယ် စပ်ရင်ပြောနော် "

ဆယ့်ကိုးနှစ်သားလေးဟာ အဆော့လွန်ပြီး ပြုတ်ကြပြီးတဲ့နောက် ခုလိုအပြုစုခံနေရတော့ ၀မ်းသာပီတိဂွမ်းဆီထိလို့။

" အာ "

" စပ်လို့လား "

" ဟင့်အင်း ချစ်လို့ "

ဘာဆိုင်လို့လဲဆိုတဲ့ ငြုငြူစူစူအကြည့်ကတောင် သိပ်ချစ်ဖို့ကောင်းတာ။

" ပြီးပြီ အခုတင်ပါးလှန် "

" ...မပြပါဘူးဆို "

" ဂျောင်ဂု "

" အဖြေပေးရင် ပြမယ် "

ဆေးကျောင်းသားလေးခမျာ နောက်နောင်ဆရာ၀န်ဖြစ်ရင်တော့ ဒီလိုအကြပ်ကိုင်တတ်တဲ့လူနာမျိုးနဲ့မကြုံရပါစေနဲ့လို့ ကြိတ်ဆုတောင်းလိုက်သည်။ သူဖင်ကဒဏ်ရာကိုဆေးလိမ်းပေးဖို့အရေး အ‌‌ဖြေလဲပေးရအုံးမယ် လွန်တာ။

| ရွှေ‌‌ညာသားရဲ့ ပဝါပါး (၀တ္ထုတို) |Where stories live. Discover now