2.6K 347 44
                                    

Unicode...

ချစ်ရင်ထူးအား ဆွဲကာ‌ဂျောင်ဂုတစ်‌ယောက်သူကြီးအိမ်ရှေ့ အိမ်ကအမေမသိခင်အလစ်သုတ်လာတဲ့ သံပရာသီးများနှင့်ရောက်နေလေတော့သည်။

" ကိုကြီး ကျနော်မလိုက်ချင်ပါဘူးဆိုဗျာ "

" ရှင်ဖုန်းလည်းရှိတယ်ကြားတယ်ကွ "

ချစ်ရင်ထူးသည် နှစ်စက္ကန့်လောက် တိတ်ပြီးမှ

" ဗျို့! သူကြီးရေ အလည်လာချင်လို့ "

သူကြီးအိမ်တွင် သူကြီးကတော်ရယ် သူကြီးရဲ့‌သားရှင်ဖုန်းရယ် အငယ်ဆုံးလေး ဂျီမင်းရယ်သာရှိလေသည်။

ကြည့်ရတာ ဟိုဘက်ရွာက သူ့သမီးတွေဆီအလည်သွားသည်ထင်သည်။သူ့သမီး‌နှစ်ယောက်မှာ အိမ်ထောင်အသီးသီးကျပြီးလို့ လင်ယောကျာ်းအိမ်လိုက်နေကြကာ သားအလတ်မှာလည်း ရန်ကုန်မြို့တွင်ဖြစ်လေသည်။

" ဂျောင်ဂုပါလား ဘာကိစ္စတုန်း ၊ လာ ထိုင်ကြ။ "

" သူကြီးကတော်က သံပုရာရည်ကြိုက်မှန်းသိလို့ ကျနော့်အိမ်ကသံပုရာသီးအစစ်‌တွေ လာပေးတာရယ် "

သူကြီးကတော်မှာ သံပုရာသီးတွေကမွှေးတာကြောင့် ကျေးဇူးတွေချည်းစွတ်တင်နေတော့သည်။

မွှေးမှာပေါ့ အလာတုန်းက ရင်ခုန်ပြီး လက်သည်းတွေနဲ့ဆိတ်လာတာ ပေါက်တောင်ပေါက်တော့မလို့။

" ဟီးဟီး သူကြီးသားတွေရော အဒေါ် "

" မင်းတို့ကလူငယ်တွေချင်းမိတ်ဖွဲ့ချင်လို့ လာကြတာထင်တယ်၊ နေ နေ အဒေါ်ခေါ်ပေးမယ်။ "

သူကြီးကတော်မှာ တပြုံးပြုံးဖြင့် အိမ်ပေါ်တက်လို့သွားပြီးနောက် သူကြီးသားလေးနှစ်ယောက်မှာ ရှေ့ဆင့်နောက်ဆင့် ဆင်းလာချေတော့သည်။ ဂျီမင်းမှာမူ ဂျောင်ဂုကိုမြင်မြင်ချင်း မျက်လုံးလေးပြူးလို့ဦးစွာလန့်သွားပြီးမှ မျက်နှာလေးနီလာလေတော့သည်။ ရှန်ဖုန်းမှာတော့ ချစ်ရင်ထူးနှင့်ဆန်ကျင်ဘက်သို့ တန်းနေအောင်‌ထိုင်လေသည်။

" ဘာကိစ္စလဲ "

" အာ စိမ်းကားလိုက်တာ ကိုကိုရဲ့ "

" ချစ်ရင်ထူးက မင်းဆီလာချင်လို့တဲ့လေ ရှင်ဖုန်း "

ဂျောင်ဂုမှာ ထိုနှစ်ယောက်ကိုတည့်ပေးလိုက်ပြီးနောက် ဂျီမင်းအား သူ့ဘေးနားလာထိုင်ရန် ပုတ်ပြလိုက်တော့သည်။ ဆေးကျောင်းသားဖြူဖြူလေးရဲ့မျက်နှာမှာမူ ရဲပလောင်းကိုခတ်။

| ရွှေ‌‌ညာသားရဲ့ ပဝါပါး (၀တ္ထုတို) |Where stories live. Discover now