2.6K 294 43
                                    

Unicode...

လက်ပံပွင့်နီနီတွေ ရွာဦးစေတီပတ်လည် ဝဲပျံလျက် ရဲရဲနီစွေးလို့ အညာပန်းချီကားတစ်ချပ်။

အရိပ်လည်းရတယ်
ပန်းတွေကလည်းလှတယ်
စေတီကလည်း သပ္ပယ်နေတယ်။

" ဂျီမင်ထက်တော့ လှမယ်မထင်ဘူး "

" ပိုတယ် "

" ဂျီမင်းနဲ့တွဲတွေ့ရတော့ လက်ပံပွင့်တွေတောင် ပတ္တမြားဖြစ်သွားသလိုဘဲ တကယ် "

ဂျီမင်းသည် အပြုံးသေးသေးလေးသာပေးကမ်းလာပြီး လက်ပံ့ပွင့်တွေသာဆက်ကောက်နေသည်။ မလှမ်းမကမ်းအနားတွင်လည်း သူလိုကိုယ်လို လက်ပံပွင့်ကောက်နေကြသူများရှိလေသည်။ တစ်ရွာလုံးမှာ လက်ပံပင်တွေအများကြီးရှိနေတဲ့နေရာဖြစ်တာကြောင့် အိမ်အတွက်စားရအောင် သူလဲ၀င်ကောက်ခြင်း။

ဂျောင်ဂုမှာ အနှီဖွဲ့နွဲ့လို့ မကုန်နိုင်တဲ့
အလှတရားတို့စုပုံနေသူ အမျိုးသားကို
အကြာကြီးငေးမိနေတော့သည်။

ပုဆိုးရှည်ရှည်၀တ်ထားတဲ့အောက်က ပေါ်နေတဲ့ခြေဖမိုးလေးကအစ နမ်းပြစ်ချင်စရာဘဲ။ ယဉ်ယဉ်လေးနဲ့ ရူးလောက်အောင်လှတယ်ဆိုတာ ကတ္ထီပါဖိနပ်‌ေပါ်က အရိုးခံအလှတရား‌ဘဲဖြစ်ရမယ်။ ကျနော့်မှာနှလုံးသားတွေလက်ပံပွင့်လိုတဖြုတ်ဖြုတ်ကြွေတဲ့ထိ။

" ကူကောက်ပေးအုံး "

ဒီလိုချိန်ဆိုနွေလေရူးသာဖြစ်လိုက်ချင်တယ် ဆံပင်ပျော့လေးတွေကိုပွတ်သပ်သွားမယ် သွေး‌ေကြာစိမ်းလေးတွေနဲ့ ပါးပြင်လေးနှစ်ဖက်ပေါ်ယှက်ပြေးပြီး တိုက်ခတ်လိုက်ချင်တာ။ထိုဆေးကျောင်းသားပုံရိပ်လေးကိုငေးရင်းနဲ့ဘဲ လက်ပံပွင့်တို့အား အိတ်ထဲကောက်ထည့်သည်။

တစ်မိနစ်ရရင် တစ်မိနစ်ပေါ့
ဘယ်သူကမျက်နှာလွှဲချင်မှာတဲ့လဲ။

" ဒီလောက်ဆိုရပြီထင်တာဘဲ သွားရအောင်ဂျောင်ဂု "

" လာပြီဗျာ "

ဂျီမင်းက ‌ပြေးလာနေတဲ့ ကောင်လေးကိုကြည့်ရင်း ရင်ထဲလှုပ်ခတ်သွားမှုကိုသတိထားမိပြန်တယ်။ ဒီမှာနေရင်းနဲ့ ဂျောင်ဂုကိုသိသိသာသာဘဲ သူတွယ်ကပ်လာပြီး အားကိုးလာမိတာ အရမ်းကိုများလွန်းနေတာဘဲ။ ထုတ်ပြတတ်တဲ့ မေတ္တာတွေကိုမမြင်တဲ့ထိ သူကကန်းနေတဲ့လူတော့မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူကတစ်ရွာသားလေ အညာသားလေးရဲ့ပဝါပါးလေးမ‌‌ေတာ်တဆ‌စွန်းသွားမှာကြောက်ရတယ်။ ကျနော်တို့ကဇာစ်မြစ်တူတဲ့အမျိုးသားနှစ်ယောက် အရာရာကိုလည်းသိပ်တွေးရတယ် အဲ့ကောင်လေးကချစ်တာတစ်ခုဘဲသိပေမယ့်လို့ ကျနော်ကတော့အားလုံးကိုသိရမယ်လေ။ ဆယ့်ကိုးနှစ်အရွယ်အချစ်က ရက်အနည်းငယ်ဒါမှမဟုတ်လအနည်းကြာရင် မေ့ပျောက်သွားလိမ့်မှာပါ။

| ရွှေ‌‌ညာသားရဲ့ ပဝါပါး (၀တ္ထုတို) |Where stories live. Discover now