" ကျွန်တော်ကလေ ဂျီမင်းဆီက ဒီပိုးသတ်ဆေးနံ့ကိုအရမ်းသဘောကျတာ "
တစ်ထပ်အခန်းလေး၊ဘယ်လောက်မှမကျယ်ပါသော်လည်း ရွာဆေးခန်းအသေးစားလေးအဖြစ်ဖွင့်လို့တော့ရခဲ့ချေသည်။ လိုက်ကာဆွဲထားပါသော လူနာကြည့်ခန်းအတွင်း ဆေးရုံကုတင်ပေါ်လက်တစ်ဖက်ထောက်ပြီးဘေးတိုက်လှဲနေကာ ဆရာ၀န်လေးရဲ့ပြုလုပ်သမျှအမှုကိစ္စအားလုံးကို ပိုမိုမြင်ရစေရန် လည်ပင်းဆန့်၍ထားသည်။
မျက်စောင်းထိုးလာခဲ့ပါသော မျက်လုံးအိမ်ကလေးနှင့် အဲ့ဒီမထင်မရှားအပြုံးလေးသာ ပြုံးလိုက်လျှင်ရိုးတွင်းခြင်ဆီထိနင့်နေအောင်ထပ်ချစ်မိရသည်။
" လာပါအုံး ဖက်ချင်လို့ "
" မတော်တရော်နဲ့ တစ်ယောက်ယောက်၀င်လာရင်ဘယ်လိုလုပ်မလဲ "
" တစ်ယောက်ယောက်ကအရေးကြီးသလား ကျနော်ကအရေးကြီးသလားလေ "
ဆရာ၀န်လေးက ဆေးကျောင်းသားဘ၀တုန်းကနှယ် သက်ပြင်းဖွဖွချလျက် ပြောလာသည်။
" မင်း..ပေါ့ "
ကုတင်ပေါ်လှဲနေရာမှထထိုင်ကာ သူ့ဆီလာနေပါသောလူကို နောက်လှည့်စေပြီး ထိုင်လျက် လူကိုရင်ခွင်ထဲထည့်ဖက်ပစ်လိုက်သည်။
" သူများသားလေးကို ယူထားပြီး အရမ်းပစ်ထားတယ် ဆရာ၀န်ကြီး မကောင်းဘူး "
" ဘယ်တုန်းက ပစ်ထားလို့လဲ၊ အိမ်ပြန်ရောက်ရင်တွေ့ရတာဘဲကို။ "
" အိမ်ပြန်ရောက်တဲ့အချိန်က ဘယ်နှနာရီလဲ တစ်ခါတစ်လေအိပ်ယာထဲကကိစ္စဝိစ္စေတွေတာင်မလုပ်ရဘဲ အိမ်ရှေ့လာလာပင့်လို့ ဆေးအိတ်ဆွဲပြေးနေတာ "
" ဒါ ငါ့အလုပ်ဘဲလေ "
ဖွေးအုနေပါသော လက်ဖဝါးလေးကိုဆွဲကာ ပခုံးပေါ်မေးတင်ထားရာမှကြွလိုက်ပြီး သုံးလေးချက်လောက်ထပ်ခါထပ်ခါနမ်းလိုက်သည်။
လူတွေကိုကူညီပေးနေတဲ့အဖိုးတန်လက်ကလေးပါပင် လှလဲလှ၏အဖိုးလဲထိုက်ပါ၏။
" အိမ်ကလူမှာ ရောဂါကြီးနေတာကျ မသိပါဘူးပေါ့ ဂျီမင်း "
" ဘာဖြစ်တာလဲ ငါ့ကိုလဲမပြောဘူး ဘယ်နားနေလို့မကောင်းတာ .. "
YOU ARE READING
| ရွှေညာသားရဲ့ ပဝါပါး (၀တ္ထုတို) |
FanfictionJimin x Jungkook (မြန်မာမှု၀တ္ထုတို) သူကြီးသမက်လို့ဘဲခေါ်ပါ ရင်းရင်းနှီးနှီးပေါ့...။ [၅ပိုင်းတည်း အပြီးပါဗျာ]