UNICODE...
" ခုတလော နေတအားပူတယ်နော် "
" အရမ်းဘဲ "
ညောင်ပင်အောက်က ကွစ်ပျစ်ထံ သူကြီးအိမ်ကနေအလစ်သုတ်လာခဲ့တဲ့ သူကြီးသားလေးကို ဘေးနားဆွဲကာ ချစ်စကားကြိုက်စကားပြောဖို့အစချီလိုက်သည်။
ဆေးကျောင်းသားလေးက ရွာကိုရောက်တာ တစ်ပတ်ဆယ်ရက်ခန့်သာရှိသေးသော်လည်း သူကတော့နုလုံးသားကြီးတောင်တစ်ရံတစ်ခါလေးလံလာသလိုပင်။ ဆယ်ဘဝလောက်လက်တွဲခဲ့တဲ့ ဖူးစာနှယ် အသက်ရှူတိုင်းချစ်မိနေတော့သည်လေ။
" ကျေနာ်တို့ဘဘုန်းဟောတဲ့တရားမှာတော့ လောကမှာအအေးချမ်းဆုံးကမေတ္တာဘဲတဲ့ "
ရွမ်းရွှမ်းဝေတဲ့ချစ်မျက်၀န်းများနှင့် မျက်လုံးမလွဲစိုက်ကြည့်လာသည်။
" ဂျီမင်းများ အရမ်းပူနေရင်ကျနော်နဲ့ မေတ္တာမျှကြမလား "
မျက်တောင်ဖျားလေးတွေဟာ တဖြတ်ဖြတ်ခတ်သွားတော့သည်။ ကွစ်ပျစ်ပေါ်ကချထားတဲ့ခြေထောက်နှစ်ဖက်လေးဟာလေထဲတွင်ယိမ်းကာထိုးကာဖြင့် ခြေဖမိုးဖြူဖြူလေးနှစ်ဖက်မှာမူ ခပ်နွမ်းနွမ်းကတ္တီပါအနက်ရောင်ဖိနပ်ကလေးကြောင့် ယဉ်နေတော့သည်။
" ဆေးကျောင်းတက်တုန်းက မီးပျက်ရင်အဆောင်မှာဒီထက်ပိုပူပါတယ် ခုက...ယပ်-ယပ်ခတ်လည်းရတယ် "
" ကြည့်ရတာ ဂျီမင်းကကျနော့်ကိုဆေးကျောင်းပြန်တက်မှ မေတ္တာမျှစေချင်တာထင်တယ်နော် "
" ငါကသဘောပြောပြတာလေ မင်းကသာ "
" ကျနော်ကဘာဖြစ်လဲ "
" ကူလီကူမာနဲ့ "
ဂျောင်ဂုမှာ သိသိသာသာကြီးအနိုင်ကျင့်ခံရလို့ ပြန်ကုတ်နေတဲ့ကြောင်ကလေးနှယ်ချစ်ဖို့ကောင်းနေတဲ့ ဆေးကျောင်းသားလေးကို ထပ်လောင်းပြောလိုက်သည်။
" ကူလီကူမာလို့ထင်ချင်လည်းထင်ပေါ့ဗျာ ကျနော်အသက်ပြည့်ပြီးတာတောင်မနေ့တနေ့ကလိုလေး အသည်းကအညှာလွယ်တာကိုး "
အဆုံးမှာတော့ ရဲတွတ်နေတဲ့ကြောင်ကလေးက ဘေးကိုဝေးဝေးတို့သွားတော့သည်။
YOU ARE READING
| ရွှေညာသားရဲ့ ပဝါပါး (၀တ္ထုတို) |
FanfictionJimin x Jungkook (မြန်မာမှု၀တ္ထုတို) သူကြီးသမက်လို့ဘဲခေါ်ပါ ရင်းရင်းနှီးနှီးပေါ့...။ [၅ပိုင်းတည်း အပြီးပါဗျာ]