အချစ်က Dandelion တွေလိုပဲ။ ထိလိုက်ရင် လွင့်ပြယ်သွားမှာစိုးရိမ်မိလို့ ကိုယ့်မှာ အမြတ်တနိုးပဲ ငေးကြည့်နေခဲ့ရပါတယ်။ ~
" သေချာပေါက် ကတိပေးပါ Eugene,
ဒါတွေ အကုန်လုံး ပြီးဆုံးသွားတဲ့အခါ ကျွန်တော်နဲ့အတူ Dandelion တွေရှိတဲ့နေရာကို သွားပါမယ်လို့ ~ "ခေါင်းငုံ့လျက် အဖြေကို ပြန်မပေးလာသေးတဲ့ အရှေ့က လူဟာ ပုံမှန်အတိုင်း တုံ့ဆိုင်းနေသည်။
ကျွန်တော်မေးတဲ့ မေးခွန်းတွေကို မတုံ့ဆိုင်းဘဲ ပြန်ဖြေဖူးတာများ ရှိခဲ့သလား။
" .. အဲ့အဖြေကို မပေးနိုင်ဘူး "
မျက်စိရှေ့က တလက်လက်တောက်ပနေတဲ့ ရွှေရောင် ဆံနွယ်တွေနှင့် ကောင်လေးဟာ ပြုံးသည်။
ပြောလိုက်သည့် စကားကြောင့် ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်လုံးတွေကို အပြုံးနဲ့ ဖုံးကွယ်ရင်း သူ့ကို ကြည့်လာသည်။
စိန်လေးတွေလို တောက်ပနေတဲ့ မျက်လုံးဝိုင်းလေးတွေကို ကြာကြာကြည့်နေရင် ကွယ်ရာပြုထားမိတဲ့ တစ်နေရာက သတိပေးလာမှာစိုး၍ ထိုတွယ်တာချင်စရာကောင်းတဲ့ အကြည့်တွေကို သူ့ဘက်ကပဲ အရင် လွှဲရှောင်လိုက်ပါသည်။
ဘာလို့များ မပိုင်ဆိုင်သင့်သည့် လူသားဟာ ပိုင်ဆိုင်ချင်စရာ ကောင်းနေပါသလဲ။
YOU ARE READING
𝘿𝙖𝙣𝙙𝙚𝙡𝙞𝙤𝙣
Fanfiction" 𝖨'𝗆 𝗂𝗇 𝗍𝗁𝖾 𝖿𝗂𝖾𝗅𝖽 𝗈𝖿 𝖽𝖺𝗇𝖽𝖾𝗅𝗂𝗈𝗇, 𝗐𝗂𝗌𝗁𝗂𝗇𝗀 𝗈𝗇 𝖾𝗏𝖾𝗋𝗒𝗈𝗇𝖾 𝗍𝗁𝖺𝗍 𝗒𝗈𝗎'𝗅𝗅 𝖻𝖾 𝗆𝗂𝗇𝖾 ~ " yeonbin burmese story.