တံခါးလော့ခ်ပိတ်သံ တီ ဆိုတဲ့ အသံကြားပြီးတဲ့နောက်မှာ သူက မရင်းနှီးတဲ့ အငွေ့အသက်အပြည့်နဲ့ အိမ်အတွင်းပိုင်းကို မြင်လိုက်ရသည်။
" ဝင်လာလေ "
အိမ်ပိုင်ရှင်ကတော့ သူ့ကို ပြုံးပြသွားပြီး ဧည့်ခန်းထဲက ဆိုဖာပေါ် ခုနတည်းက မြင်နေရတဲ့ အဝတ်တွေကို အပြေးအလွှားသိမ်းရှာသည်။
ဖိနပ်နှစ်ဖက်ကို ထောင့်မှာသေချာကပ်ထားခဲ့ကာ Soobin က အိမ်ကို လှည့်ပတ်ကြည့်ရှုရင်းနဲ့ အဝတ်တွေကောက်သိမ်းနေတဲ့ အိမ်ပိုင်ရှင်ကို မမြင်ချင်ယောင်ဆောင်ပေးထားလိုက်ပါသည်။
" အိမ်က ကောင်းသားပဲ "
ဘာပြောရမှန်းမသိဖြစ်နေရင်းက ရုတ်တရက် စပြောလိုက်တဲ့ သူ့စကားကြောင့် တစ်ဖက်လူက ကြောင်သွားမလားတော့မသိပေ။
ဒါပေမဲ့ အိမ်က တကယ်ကို ကောင်းတာလေ။
" ကော်ဖီသောက်မလား "
" ရတယ်ဗျ မသောက်တော့ဘူး "
" ထိုင်ဦးလေ Soobin-shi "
အိမ်ပိုင်ရှင်ကတော့ ခုနက အသည်းအသန်လိုက်ကောက်ထားခဲ့ရတဲ့ အဝတ်တွေကို သယ်ကာ အခန်းထဲဝင်သွားသည်။
သူများအိမ်မှာ သူတစ်ယောက်တည်း ငူငူငိုင်ငိုင်နဲ့ ။
Art Gallery မှာ ရုတ်တရက်တွေ့ခဲ့ပြီး စကားတောင် ဆယ်ခွန်းပြည့်အောင်မပြောရသေးတဲ့ လူစိမ်းတစ်ယောက်ရဲ့အိမ်ကို ဘယ်လိုအတွေးနဲ့များ လိုက်လာမိပါသလဲ။
ပြီးတော့ အိမ်မက်ထဲက လူနဲ့ ထိုလူက ဘာလို့ လူတစ်ယောက်တည်းလိုမျိုးဖြစ်နေရတာလဲ။
နောက်ပြီး ထူးထူးဆန်းဆန်းခေါ်သံတွေနဲ့ ထူးဆန်းတဲ့ အိမ်မက်တွေကရော ။
မနက်ကအထိ ဒီတိုင်း အိမ်မှာသရဲရှိတယ်ဆိုပြီးထင်နေတဲ့ သူ့ရဲ့ စိတ်ကို Choi Yeonjun ဆိုသူက ပြောင်းပြန်လှန်ပစ်လိုက်သလိုပဲ။
သေချာပေါက် ထူးဆန်းဖို့ကောင်းနေပေမဲ့ ဘယ်ကနေဘယ်လို ဒီထူးဆန်းတာတွေက ဖြစ်လာရသလဲဆိုတာလည်းမသိဘူး။
ထို Choi Yeonjun ကရော သူ့လိုပဲ ထူးထူးဆန်းဆန်းခေါ်သံတွေနဲ့ အိမ်မက်တွေများ မက်သလား။
YOU ARE READING
𝘿𝙖𝙣𝙙𝙚𝙡𝙞𝙤𝙣
Fanfiction" 𝖨'𝗆 𝗂𝗇 𝗍𝗁𝖾 𝖿𝗂𝖾𝗅𝖽 𝗈𝖿 𝖽𝖺𝗇𝖽𝖾𝗅𝗂𝗈𝗇, 𝗐𝗂𝗌𝗁𝗂𝗇𝗀 𝗈𝗇 𝖾𝗏𝖾𝗋𝗒𝗈𝗇𝖾 𝗍𝗁𝖺𝗍 𝗒𝗈𝗎'𝗅𝗅 𝖻𝖾 𝗆𝗂𝗇𝖾 ~ " yeonbin burmese story.