" Dandelion တွေကို ဘာလို့ သဘောကျတာလဲ သူတို့က ပန်းလည်းမဟုတ်ဘူးထင်တယ် အရမ်းလည်း မလှပါဘူး "
မျက်စိရှေ့မှာ Dandelion တစ်ပွင့်ကိုကိုင်ပြီး အပေါ်မြှောက်ကြည့်လိုက်၊ အရှေ့တိုးကြည့်လိုက်ဖြင့် မျက်ခုံးတွန့်ချိုးကာ အကဲဖြတ်နေတဲ့ Eugene ကိုမြင်ပြီး ရယ်မိလိုက်သည်။
" ကျွန်တော်က Dandelion တွေကို လှလို့ကြိုက်တာလို့ Eugene ကို ပြောဖူးလို့လား "
သူ့မေးခွန်းကို ခေါင်းလေးစောင်းရင်းဖြင့် Eugene က ပြန်ဖြေလာသည်။ " ဟင့်အင်း "
" ဒါဆို ဘာလို့ ကြိုက်တာလဲ "
" လွတ်လပ်လို့လေ
ဒီလိုလေး လုပ်လိုက်ရင် *ဖူးး* "လက်ထဲက Dandelion ကို လေပြေလေးဖြင့် Soule က အသာအယာ မှုတ်ထုတ်လိုက်သည်။
အမှုန်အမွှားလေးတွေလို Dandelion တွေက လေနှင်ရာကို အပြိုင်အဆိုင် လွင့်မြောသွားရသည်။
" နေရာစုံကို လွင့်မြောသွားတာမျိုးကို သဘောကျလို့ "
ခပ်ဆွေးဆွေးမျက်ဝန်းတွေဖြင့် ပြောနေသည့် ထိုစကားတွေမှာ တခြား အဓိပ္ပါယ်တစ်မျိုးလည်း ထပ်ရှိသေးတာကို Eugene က သိသည်။
" ဒါပေမဲ့ အဲ့လို လွင့်မြောသွားပြီးရင်ရော
အဲ့လို လွင့်မြောသွားပြီးရင် သူတို့က ဘယ်ကိုရောက်သွားမှာလဲ "" အင်းးမ် မသေချာဘူးပေါ့ "
" ကြားထဲမှာ သူတို့လည်း အထိအခိုက်တွေအများကြီးရှိနိုင်တယ် ကိုယ်ကတော့ ဒီလိုမျိုး တစ်နေရာတည်းမှာပဲ စုစုစည်းစည်းရှိနေတာက ပိုကောင်းတယ်လို့မြင်တယ် "
" ခုနကမှ အတန်းပြီးတာတောင် Eugene က ကျွန်တော့်ကို သင်ခန်းစာတွေ ဆက်နားထောင်စေချင်သေးတယ် "
Eugene ရဲ့ လက်ထဲက Dandelion ကို ဆွဲယူကာ စိတ်ဆိုးဟန်ပြရင်း Soule က တစ်ဖက်သို့ လှည့်ထွက်သွားသည်။
မနီးမဝေးက ပန်းသီးပင်နားမှာ သွားရပ်နေရင်း ခြေထောက်ဖြင့်လည်း မြေကြီးများကို ဆွနေကာ မျက်နှာက မသာမယာပင် ။
YOU ARE READING
𝘿𝙖𝙣𝙙𝙚𝙡𝙞𝙤𝙣
Fanfiction" 𝖨'𝗆 𝗂𝗇 𝗍𝗁𝖾 𝖿𝗂𝖾𝗅𝖽 𝗈𝖿 𝖽𝖺𝗇𝖽𝖾𝗅𝗂𝗈𝗇, 𝗐𝗂𝗌𝗁𝗂𝗇𝗀 𝗈𝗇 𝖾𝗏𝖾𝗋𝗒𝗈𝗇𝖾 𝗍𝗁𝖺𝗍 𝗒𝗈𝗎'𝗅𝗅 𝖻𝖾 𝗆𝗂𝗇𝖾 ~ " yeonbin burmese story.