" Eugene ကရော ဘယ်လိုပန်းမျိုးကို သဘောကျလဲ "
လေနှင်ရာ ယိမ်းနွဲ့နေသည့် ရွှေအိုရောင် ဆံနွယ်တွေရယ်၊ လှလှပပ ဆင်ယဉ်ထားသည့် လည်တိုင်က ဆွဲကြိုးလှလှကလေးရယ်။ ~
" သဘောကျတဲ့ပန်းမျိုး မရှိဘူး "
" ဒီတိုင်း စိတ်ထဲရှိေနတဲ့ပန်းမျိုးရော "
" ကိုယ့်မှာ ပန်းတွေကို လိုက်ကြည့်နေဖို့ အချိန်ရှိပါ့မလား Soule ရဲ့ "
အဖြေကို ခေါင်းကလေးတငြိမ့်ငြိမ့်လုပ်ကာ သူ့ကိုပြန်ကြည့်လာသည့် Soule က လှလှပပ အပြုံးကလေးနှင့်ပင် ။
" ကျွန်တော်က Eugene ကို ပန်းခင်းေတွဆီခေါ်သွားပေးမယ် အဲ့ကြမှ ဘယ်လိုပန်းမျိုးကို သဘောကျတာလဲဆိုတာ ပြောပြပေး "
လက်ခံသည့်သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ကျေနပ်သွားသည့် မျက်နှာကလေးကို တမေ့တမောထိုင်ကြည့်ချင်ပါသည်။
သဘောကျသည့် ပန်းဆိုတာမျိုးလည်း မရှိသလို ပန်းအမျိုးအစားတွေကိုလည်း စိတ်မဝင်စားပေမဲ့ မျက်စိရှေ့က သက်ရှိကလေးကတော့ ထိုအရာတွေထက်တောင် ပိုပြီး လှပသည်။
" Eugene ရဲ့ မျက်လုံးတွေက လှတယ် နှာတံလည်း လှတယ် နှုတ်ခမ်းက ပိုလှတယ်
... နမ်းချင်စရာကောင်းတယ် "
ထိုသို့ပြောလာသည့် အသံတိုးတိုးကလေးက တဖြေးဖြေးတိမ်ဝင်သွားပြီးတဲ့နောက်မှာ သူ့မျက်နှာကို အကြည့်လွှဲကာ ခေါင်းကလေးက အောက်သို့ငုံ့ကျသွားသည်။
မျက်နှာချင်းဆိုင်လိုက်တိုင်း Eugene ရဲ့ မျက်နှာအစိတ်အပိုင်းတွေကို ဘယ်လောက်လှကြောင်း ပြောပြတတ်သည့် သူက သူကိုယ်တိုင်ကရော ဘယ်လောက်ဝောာင် သဘောကျချင်စရာကောင်းလဲဆိုတာ သတိထားမိပါရဲ့လား။
အထူးသဖြင့် တွေ့လိုက်တိုင်း စိတ်လွတ်လက်လွတ် ထိကပ်ပစ်ချင်စရာကောင်းတဲ့ နှုတ်ခမ်းတွေကိုလေ။
လေနှင်ရာ ယိမ်းသွားတတ်သည့် ဆံနွယ်ကလေးတွေက ပြောပြနေကြ Dandelion တွေထက် ပိုနှစ်သက်ဖို့ကောင်းတယ်ဆိုတာကိုရော Soule က သိပါရဲ့လား။
YOU ARE READING
𝘿𝙖𝙣𝙙𝙚𝙡𝙞𝙤𝙣
Fanfiction" 𝖨'𝗆 𝗂𝗇 𝗍𝗁𝖾 𝖿𝗂𝖾𝗅𝖽 𝗈𝖿 𝖽𝖺𝗇𝖽𝖾𝗅𝗂𝗈𝗇, 𝗐𝗂𝗌𝗁𝗂𝗇𝗀 𝗈𝗇 𝖾𝗏𝖾𝗋𝗒𝗈𝗇𝖾 𝗍𝗁𝖺𝗍 𝗒𝗈𝗎'𝗅𝗅 𝖻𝖾 𝗆𝗂𝗇𝖾 ~ " yeonbin burmese story.