1

165 15 1
                                    

2022,  In Paris.



ကြည်ကြည်လင်လင် ကောင်းကင်ပြာက နေရောင်ဟာ ရောင်ခြည်တွေဖြာလျှက် နေရာအနှံ့အပြားသို့ ကျရောက်လျက်ရှိသည်။

မနေ့ညက မိုးသည်းကြီးမည်းကြီး ရွာထားပြီးတဲ့နောက် ဒီနေ့မနက် ကောင်းကင်ဟာ ပကတိ ကြည်လင်နေသည်။

" အန်းညော် soob! ဒီနေ့လည်း အစောကြီး နိုးနေပြန်တာပဲ "

ပြင်သစ်မလေး Amelia ရဲ့ မပီမသ ကိုးရီးယားလို နှုတ်ဆက်သံကို ကြားလိုက်ပြီးတဲ့နောက် ကြည်လင်နေတဲ့ကောင်းကင်ကို စစ်ဆေးမှုအဆုံးသတ်လိုက်ရသည်။

" ကိုရီးယားအသံထွက် အများကြီး တိုးတက်လာတာပဲ "

" ဒါပေါ့ ဘယ်သူသင်ပေးတာမို့လို့လဲ ... Coffee? "

သူ ခေါင်းညှိမ့်ပြလိုက်ပြီးတဲ့နောက်မှာ Amelia ထိုင်ရာက ထသွားတာ ကောင်တာ‌ဆီဝင်သွားသည်။

" မနေ့ညက မိုးမိလာတယ်ကြားတယ် ဘယ်လိုလဲ ခန္ဓာကိုယ်က နေလို့ကောင်းရဲ့လား "

" အင်း တော်သေးတာ ပြန်လာတဲ့ Bus ပေါ်ထိ မိုးစိုသွားပေမဲ့ ဆင်းလိုက်တဲ့ gate မှာ လူတစ်ယောက်က ထီးပေးသွားတယ်လေ "

ထိုအကြောင်းပြောတော့မှာ မနေ့ညကလူပေးလိုက်တဲ့ ထီးအဝါရောင်လေးကို သတိရမိသည်။

မိုးမိပြီး အိမ်ပြန်လာတော့ ဒီတိုင်း ထောင့်နားမှာ ကပ်ထားခဲ့ပေမဲ့ မနက်က ထိုနေရာကိုကြည့်တော့ ထီးအဝါလေးကို မတွေ့တော့ပါ။

" Soob ကို ထီးပေးလိုက်တော့ အဲ့လူက ဘယ်လိုပြန်သွားလဲ "

" အယ် အဲ့တာတော့ မသိလိုက်ဘူး "

အပူငွေ့တွေလှိုင်နေသည့် Coffee တစ်ခွက်နဲ့ ပေါင်မုန့်ပန်းကန်ကို သူ့ရှေ့ချပေးရင်း Amelia က စပ်စုတော့မည့် မျက်လုံးတွေနှင့် သူ့နားကိုကပ်လာသည်။

" စာသင်ပေးခဲ့တဲ့ သူတွေထဲကလား "

" ဟင့်အင်း ပထမဆုံးမြင်ဖူးတဲ့သူပဲ "

" နောက်တစ်ခါ သူစိမ်းတွေနဲ့ စကားမပြောနဲ့ လူသတ်မှုတွေကြားနေရတာ သိတယ်မလား

တကယ်လို့ အဲ့လူက အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး အနောက်က မသိမသာ လိုက်လာပြီး သတ်သွားရင် ဘယ်လိုလုပ်မလဲ "

𝘿𝙖𝙣𝙙𝙚𝙡𝙞𝙤𝙣Where stories live. Discover now