The thing I hate

289 30 0
                                    

"ဒီနေ့ ကျွန်တော့် နားရက်လေ ဒေါ်လေးရာ "

သူ စိတ်ပျက်လက်ပျက်သံနဲ့ ညည်းညူနေပေမယ့်
‌ေဒါ်လေးက တခွိခွိသာရယ်နေ‌သည်

"လာစမ်းပါဦး သားကလည်း မင်း ညီ ဒီမှာ တိုင်ပတ်နေတာ
မင်း ကူညီမှ ပဲ "

"ဒါဆို ဒေါ်လေးကရော "

"မေ့နေတာလား မသိချင်ယောင်ဆောင်နေတာလား "

ထိုအခါမှ ဒိုယောင်းသတိရသည် ဒေါ်လေးက တနေ့ည
ကတည်းက မြို့ပေါ်ကို ရောက်နေတာ

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်တော်ခုပဲ သွားပါ့မယ် "

"အမယ်လေးတော် ညည်းညူနေလိုက်တာ ရည်းစားရလို့
ရည်စားကသာခေါ်ရင် ဒီလိုမျိုး ညည်းညူနေပါ့မလား "

"ဒေါ်လေး! "

တဟားဟား ရယ်သံကိုကြားလိုက်ရတော့ ဒိုယောင်းဖုန်းကို
သာ ချက်ချင်းချပစ်မိသည် ဒေါ်လေးရော ဒေါ်လေးသား
အီဟယ်ချန်းရောက သူ့ကိုဆို အမြဲလိုလို စနေတတ်သည်
သူက သူတို့စတာတွေကို စိတ်မဆိုးပါ သူ့အတွက်
စိတ်ဆိုးစရာ စကားလုံးတွေလည်း မဟုတ်ပါ
ဒါပေမယ့် အဲ့တာနဲ့ဆက်စပ်ပြီး တခါတရံ ၀င်ရောက်
လာတဲ့ အတွေး တွေကိုတော့ သူလုံး၀ သည်းမခံနိုင်ပါ

" မုန်းတယ်"

အကြောင်းအရာတချို့က ခေါင်းထဲ ပြန်၀င်လာရင်း
ထွက်သွားမိတဲ့ စကားလုံးပင်
သူ မုန်းနေတဲ့ အရာက ဘာများလဲလေ

---------------------------------------------------------

My first and last ရော Love story ရော
View 1k‌ေကျာ်သွားတာအတွက် အများကြီးကျေးဇူးတင်ပါတယ်🙆 🤍

The Thing I Hate Where stories live. Discover now