"Doyoung"
မကြားရတာ ကြာပြီလို့ထင်ရတဲ့ အခေါ် လေး က နောက်
ကျောဘက်ကနေ ထွက်လာတယ်"ဘယ်အချိန်ထိ ဒီလိုမျိုး ဖြစ်နေပေးရဦးမှာလဲ ဟင်?"
အသက်တောင်မရှူနိုင်တော့ပဲ အရာရာက ရပ်တန့်နေသလိုပင်
သူကြောက်တယ် သူ Jaehyun ဘာပဲပြောပြော လက်မလွှတ်ရဖို့ဘယ်လိုပဲ လုပ်ရလုပ်ရ လုပ်မယ် ဆိုတဲ့ အတွေးတွေကပါဒီတခနလေးအတွင်းမှာ ထွက်ပေါ်လာသည်"လွမ်းနေပြီ"
ရုတ်တရက်ဆန်စွာ သူ့ရဲ့ မျက်လုံးတို့ကိုပါ မှိတ်ချမိသည်
"အရမ်းလွမ်းနေပြီ "
"hyung"ထိုခနမှာပင် အရာရာဟာ သူ့ရဲ့ တစ်ဖတ်သတ်ဆန်မှုတွေဆို
တာကို ပိုလို့သေချာစွာ သဘောပေါက်သွားခဲ့တယ်
အနောက်က ကလေးကို လှည့်မကြည့်ပဲ မနေနိုင်ခဲ့ ။"Jaehyun-ah"
"ကျွန်တော် အမှားလုပ်ခဲ့မိတာ ဟုတ်တယ် အဲ့နေ့က
ကျွန်တော် hyung ကို အေးအေးဆေးဆေးလေး
ပြန်ပြောခဲ့မယ်ဆို ကျွန်တော်တို့ စကားများခဲ့မှာလဲ မဟုတ်
သလို hyung ခုလို ထွက်သွားမှာလဲ မဟုတ်ဘူး ""မဟုတ်ဘူး Jaehyun "
"ဟင့်အင်း hyung ကျွန်တော် လမ်းခွဲပေးမှာ မဟုတ်ဘူး
နော် hyung ဘယ်ကိုထွက်ပြေးပြေး ကျွန်တော်ကတော့
ရအောင်လိုက်နေမှာ ကျွန်တော် လမ်းမခွဲပေးဘူး "သူ့ကိုဖက်ရင်း ပြောနေတဲ့ စကားတွေကို သူကြားလိုက်ရတော့
အပြစ်ရှိတဲ့သူဟာ သူပဲဆိုတာ ပိုလို့တောင် သေချာလာခဲ့တယ်"မဟုတ်ဘူး Jaehyun ! အဲ့လိုမျိုး မဟုတ်ဘူး
ငါမင်းကို လမ်းခွဲချင်လို့ ထွက်ပြေးခဲ့တာမဟုတ်ပဲ
မင်းကို လမ်းမခွဲနိုင်လို့ ထွက်ပြေးခဲ့တာ "ကျောပြင်ပေါ်ရှိနေတဲ့ လက်တွေက လျော့ကျလာပြီး
ဒိုယောင်းရဲ့ ပုခုံး နှစ်ဘက်ကို ဆုပ်ကိုင်လာကာ
မျက်နှာချင်းဆိုင်လာတဲ့သူက အနည်းငယ် အံ့ဩနေသလို" ဘာလို့လဲ လမ်းမခွဲနိုင်ဘူးဆို ဘာလို့ ကျွန်တော်နဲ့ဝေး
ရာကို ထွက်ပြေးသွားတာလဲ အကြောင်းအရင်းကဘာလဲ
hyung ဘာလဲ! "
YOU ARE READING
The Thing I Hate
Fanfictionဒေါ်လေးနဲ့ အီဟယ်ချန်းက စတာခံရပြီးတိုင်း "မုန်းတယ်" လို့ ခနခနရေရွတ်ဖြစ်တယ် ဒေါ်လေးကို မုန်းတာလည်း မဟုတ်သလို အီဟယ်ချန်းလေးကို မုန်းတာလည်း မဟုတ်တာ သူသိတယ် သူတို့တွေ စတဲ့ စကားလုံးကို သူမုန်းတာလည်း မဟုတ်ပါ ဒါပေမယ့် မုန်းတယ် ဆိုတဲ့ စကားလုံးကို သူခနခနရေရွ...