1

236 34 2
                                    

"အီဟယ်ချန်း ဘာလဲ~ မတော်ချင်ယောင်ဆောင်မနေနဲ့"

သူ ဧည့်ကြို ကောင်တာကို ၀င်လာလာချင်းမှာပဲ ရှိနေမှာ
သိနေတဲ့ အီဟယ်ချန်း ကို အရင် ဆူပူလိုက်သည်
သို့ပေမယ့် ဧည့်သည်တစ်ယောက် ရပ်နေမှန်း သတိထားမိ
လိုက်တာကြောင့် သူတချက် အကဲခတ်လိုက်မိတော့ သူ့ အမူအရာတွေတောင့်တင်းသွား၏
အဲ့ဒိသူက သူ့ကို တချက်ကြည့်လာရင်း ဟယ်ချန်းထံကိုပဲ အကြည့်ပြန်ပေးနေသည် ဒိုယောင်းက နည်းနည်းတော့ မျက်ခုံးပင့်လိုက်ရင်း သူ့ကို ကြည့်နေတဲ့ဟယ်ချန်းဆီကိုသာ
အာရုံပြန်စိုက်လိုက်သည်

"ဒီအကို့ကို အခန်းလေး တစ်ချက် လိုက်ပြပေးလိုက်ပါဦး
hyung က ဧည့်သည် စိတ်ကျေနပ်အောင် ပြောတတ်ပြီး
ဧည့်သည် မေးတာတွေကိုလည်း စုံစိနေအောင် ဖြေ
တတ်တော့ ကျွန်တော်က အကူအညီတောင်းပါတယ် နော်"

ပုံမှန်မဟုတ်တဲ့ စကားအသွားအလာတွေကြောင့်
ဒိုယောင်း အီဟယ်ချန်းကို မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း
ဘာတွေဇယားရွှေ့နေတာလဲ ဆိုတာကို မျက်လုံးချင်းပဲ
လှမ်းဆက်သွယ်မေးလိုက်တော့ ဆရာသမားက သူ
ရိုးရိုးသားသားပါ ဆိုတဲ့ ပုံစံနဲ့ သူ့ကိုတောင် လူထူးဆန်း
ဖြစ်အောင် လုပ်နေသေးသည်

"မြန်မြန် လိုက်ပြလိုက်လေ hyung ဧည့်သည်လည်း
နားချင်နေလောက်ပြီ ခရီးပန်းလာတာ"

ဒိုယောင်းက ခေါင်းအသာ ညိမ့်လိုက်ရင်း ရှေ့ကနေသာ
လျှောက်သွားတော့သည် အနောက်ကနေ အီဟယ်ချန်းရဲ့
ပုံမှန်မဟုတ်တဲ့ လေသံတွေနဲ့ ကြိုဆိုနေတာပါ ကြား
နေရ၏

"အခန်းက ကောင်းတယ်"

သူပြောပြီးပြီးချင်း ခပ်တိုးတိုးရယ်သံထွက်လာတာကြောင့်
သူ နည်းနည်းတော့ ရှက်သွားမိသည် ဒါပေမယ့် သူ့ဦးနှောက်
က ဘာမှ ထွက်မလာတော့ဘူး သူက ဘေးကလူကို
နည်းနည်းအကဲခတ်လိုက်တော့ သူ့ကို‌ လေလိုမျိုး
သဘောထားနေတာကို တွေ့လိုက်ရ၏ ရယ်သံကလည်း
သူ့စကားကြောင့်မဟုတ်ပဲ အခန်းအပြင်ဆင်က်ု ကြည့်ပြီး
ရယ်နေပုံပင် သူ့ရဲ့ စိတ်တို့ဟာ နောက်ကျိလာခဲ့တယ်
တော်တော် အနှောင့်အယှက် ဖြစ်စေတဲ့ ဧည့်သည်..

The Thing I Hate Where stories live. Discover now