3

238 31 6
                                    

အချိန်က ည 7နာရီ  ။
အတိအကျဆို 7နာရီ 15 မိနစ် ။

သူ တောင်လျှောက် မြောက်လျှောက်လုပ်နေတာတောင်
ခြေထောက်တွေညောင်းလာပြီ ဘယ်ရော ညာရော
ဘယ်အရပ်မျက်နှာ မဆိုမှာမှ အီဟယ်ချန်းရဲ့
အရိပ်အယောင်က ပေါ်မလာ ပြောတော့ဖြင့်
ဒိုယောင်း ဒီနေရာကို ချက်ချင်း မရောက်ရင်
ခုပဲ လမ်းမီးတိုင်နဲ့ပြေးဆောင့်ပစ်တော့မလိုလိုနဲ့
ခုတော့ ဒိုယောင်းဒီနေရာ ရောက်လို့ မိနစ်စွန်းနေတာတောင် သူ ပေါ်မလာ အရေးကြီးတဲ့ အလုပ်ကိစ္စလို့ ခေါင်းစဉ်
တပ်ထားလို့သာ စောင့်နေရတာ 

ခြေသံ ခပ်ဖွဖွကို ကြားလိုက်တာကြောင့် သူ ဆူပူတော့
မယ့် အတွေးနဲ့ လှည့်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့
သူကြောင့် ပြောမယ့်စကားတွေတောင် လေထဲမှာ တန့်ကုန်
ရသည်

"ဟို "

"ဟယ်ချန်း လွှတ်လိုက်တာ သူခနနေ လိုက်လာမယ်ဆိုပြိး"

"အင်း"

Doyoung ရဲ့ အင်းဆိုတဲ့ ဖြေသံအပြီးမှာ ထွက်ပေါ်
လာတဲ့ ရယ်သံကြောင့် ဒိုယောင်းခေါင်းကို ပိုငုံ့မိသည်
ဒိုယောင်းက ရယ်သံခွဲခြားရေးမှာ အရမ်းကျွမ်းကျင်နေတာ
မဟုတ်ပေမယ့် ဒီရယ်သံက ကောင်းမွန်တဲ့ ရယ်သံဟုတ်မနေ
ဘူး

"Business trip ဆို"

တိတ်ဆိတ်နေတဲ့ ပတ်၀န်းကျင်က နှစ်ယောက်ကြားထဲ
နံရံထူထူတခု ခြားထားတဲ့ သဘောကိုဆောင်နေသလို
ခံစားရတယ် မနေတတ် ဒါ့ကြောင့် စကားစမိသည်

"Business trip လို့ဖြေရင် ပိုပြီး စိတ်သက်သာရာ
ရတယ်မလား"

နားမလည်စွာ ဘေးကလူကို လှည့်ကြည့်လိုက်တော့
ဒိုယောင်းကိုလည်း မြဲမြံစွာ စိုက်ကြည့်နေတဲ့ သူ

"သရုပ်ဆောင် ဖြစ်လာသင့်တာ "

ဒိုယောင်းထံသို့ ပို့ထားတဲ့ အကြည့်ကို ရုတ်ပြီး
အရယ်တ၀က်နဲ့ တိုးဖွဖွ ရွတ်လိုက်တဲ့ စကားသံကို
ဒိုယောင်းက ကြားဖြစ်အောင်ကြားလိုက်သည်
ရင်ထဲမှာ နည်းနည်းတော့ လေးကန်နေပါ၏

"ဒါဆို တကယ့် အကြောင်း"

"ဟယ်ချန်း"

ဒိုယောင်းရဲ့ စကားကို ဖြတ်တောက်ပစ်ကာ သူတို့ဆီ
လာနေတဲ့ ခပ်လှမ်းလှမ်းက ဟယ်ချန်းရဲ့ နာမည်ကို
ထခေါ်လိုက်တဲ့သူကို သူ တခန ငေးမောမိသည်
ဒါပေမယ့် ဒီအခြေအနေအတွက် သူ ဟယ်ချန်းကိုတော့
ကျေးဇူးတင်ရမယ် မဟုတ်ရင် ဆက်ပြီးဖြစ်တည်လာမယ့်
စကားဝိုင်းအတွက် သူ့မယ် ပြင်ဆင်မှု မရှိသေး

The Thing I Hate Where stories live. Discover now