5

192 28 0
                                    

ဒီပြဿနာတွေက ရဲ့ အစက ဘယ်ကဖြစ်မလဲ

ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံ ရက် ကလား
Jaehyun က ဧည့်သည် နဲ့ တွေ့စရာရှိတယ်ပြောပြီး
သူ့အချစ်ဉီး နဲ့ ရှိနေတာကို မြင်ခဲ့တုန်းကလား
ဒါမှမဟုတ် Jaehyun ကို ထောင့်တနေရာကနေပဲ
ငေးမောခဲ့ရတဲ့ အချိန်တွေကတည်းကပဲလား..

Jeong Jaehyun နဲ့ Kim Jiho
ကျောင်းရဲ့ နာမည်အကြီးဆုံး cp အဖြစ် ထင်ပေါ်ခဲ့တာ
လူတိုင်း အားကျပြီး သဘောကျရတဲ့ relationship
ဒါပေမယ့်လည်း ကျောင်းပြောင်းလာတဲ့Doyoung က
သူ စတင်သဘောကျမိခြင်းကို မရုတ်သိမ်းပဲ ထောင့်တနေရာ
ကနေပဲ အရာရာကို ငေးကြည့်နေခဲ့တယ် သူ့မှာ ကြိုးစား
ကြည့်ဖို့လည်း အစီအစဉ်မရှိသလို မေ့ပစ်လိုက်ဖို့လည်း
မကြိုးစားချင် သူကိုယ်တိုင်လည်း အဲ့အခြေအနေအတိုင်းပဲ
တစ်သက်လုံး ရှိသွားမယ်လို့ပဲ ထင်ခဲ့တာ ဒါပေမယ့်
Jiho ကို တခြား သူနဲ့ တွဲတွေ့လိုက်ရပြီးနောက်မှာ
အရာရာက ပြောင်းလဲသွားခဲ့ပါတယ် သူကိုယ်တိုင်တောင်
မသိလိုက်ပါပဲ project တခု ကြောင့် စကားပြောဖြစ်
ကြတာကနေ မထင်မှတ်ပဲ Jaehyun ရဲ့ နှလုံးသား
ကုစားရာက Doyoung ဖြစ်လာခဲ့တယ် ဒါပေမယ့်
လူတွေကတော့ အရင်ဇာတ်ကြောင်းကနေ ခုထိ ရုန်းမထွက်
နိုင်ကြသေးပေ အဲ့လူတွေထဲမှာ သူကိုယ်တိုင်လည်း
အပါအ၀င် ဖြစ်ခဲ့ပုံရပါတယ် Jaehyun ကတော့
Jaehyunပီသစွာ ဘယ်အရာကိုမှ ဂရုစိုက်ပုံမရပဲ
နေ့စဉ်ဘ၀ကို Doyoung နဲ့ စ Doyoung နဲ့အဆုံး
သတ်ရင်း ဘ၀နှစ်ခုကို ပေါင်းစည်းဖို့ အရေးကိုသာ
အာရုံစိုက်နေတတ်သည် သူကိုယ်တိုင်လည်း Jaeရဲ့
ရပ်၀န်းကို ရောက်သွားလျှင် အရာရာကို မေ့သွားမိတာကြီးပဲ

Jaehyun က သူ့ကို ချွင်းချက်မရှိ ချစ်ပေးခဲ့ပါတယ်
သူကသာ အသိအမှတ်မပြုနိုင်ခဲ့ပုံပင်
_______________________________________

"Dramaကြည့်နေရသလိုပဲ "

"သူတို့နှစ်ယောက်က ခုထိ လိုက်ဖက်နေတုန်းပဲ"

သန့်စင်ခန်းထဲက ထွက်လာတဲ့ Doyoung ရဲ့ ခြေလှမ်း
တွေက ရုတ်တရက် ရပ်သွားသည် အထဲဘက်က အခြေအနေ
ကို တစ်ချက်ကြည့်မိတော့ သူ့ရဲ့ချစ်ရသူ က ကောင်မလေး
တစ်ယောက်နဲ့ စကားပြောနေပုံပေါ်သည်
ဒီပွဲက ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ ဆိုတာ သတိရ
သွားတော့ သူ့ရဲ့ ရင်ဘတ်က ဗလောင်ဆူလာတော့တာပဲ
ဒီလိုခံစားချက် မဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီကို

The Thing I Hate Where stories live. Discover now