2

228 28 4
                                    

ဟယ်ချန်း ရှိနေမှာ သေချာတဲ့ ဧည့်ကြိုကောင်တာကို
ပဲ တမ်းဦးတည်သွားလိုက်သည် ဒါပေမယ့် ကံတရားက
သူ့ဘက် ရှိမနေ ကောင်တာရှေ့မှာ ရပ်နေတဲ့ သူကို
ထပ်တွေ့ရပြန်သည် သူက ပြန်လှည့်ဖို့ ကြိုးစားလိုက်
ပေမယ့် အီဟယ်ချန်းရဲ့ အလွန်တရာမှ လျင်လှတဲ့
မျက်လုံးလေးကို သူမရှောင်လွဲနိုင်ခဲ့ပေ

"Doyoung hyung "

ဟယ်ချန်းရဲ့ ခေါ်သံနဲ့အတူ လိုက်ပါလာတဲ့ အကြည့်လေး
နဲ့ ဆုံသွားခဲ့တယ် ဒါပေမယ့် ဦးစွာ အကြည့်လွှဲခံလိုက်ရတာ
ကြောင့် ဒိုယောင်းရဲ့ စိတ်ထဲမှာ တမျိုးလေးခံစားခဲ့ရသည်
သူ သက်ပြင်းတခုကို ကြိတ်ချရင်း သာ ဟယ်ချန်းဆီသို့
ဦးတည်သွားရသည် တစ်ဆက်တည်းမှာပဲ သူက
ကိစ္စတခုကို စိုးရိမ်သွားပြန်ပြီ ဒါ့ကြောင့် သူ့ကို ကြည့်နေတဲ့
ဟယ်ချန်းကို မျက်လုံးကနေ သတိပေးဖို့ ပြင်ခဲ့ပေမယ့်
သူ နောက်ကျသွားခဲ့သည်

"hyung တကယ် မမိုက်ဘူးဗျာ ရုတ်တရက်ကြီး
မေမေ့ဆီ ဘာလို့လိုက်သွားချင်နေတာလဲ ကျွန်တော်
တစ်ယောက်တည်း အထီးကျန်တာပေါ့"
"မေမေ ဆီ လိုက်သွားမယ့် ကိစ္စ မေမေ့ကိုမပြောရသေးဘူး
မလား  မေမေနဲ့ပြောပြီးမှ ကျွန်တော်
လက်မှတ်လိုက်ဖြတ်ပေးမယ် hyung"

ဘေးက ခုချိန်ထိ ရပ်နေသူကို မသိမသာ တစ်ချက်လှမ်း
ကြည့်မိတော့ ငြိမ်သက်စွာ ရပ်နေတဲ့ သူ
သူ့ကိုလည်း ကြည့်မနေသလို ဟယ်ချန်းကိုလည်း ကြည့်
မနေပါ  အဲ့ပုံရိပ်လေးကိုကြည့်ရင်း သူ့ရဲ့ စိတ်တွေက အနည်းငယ်၀မ်းနည်းသွားမိသည်

"အဲ့ဒီကိစ္စထားလိုက်ဦး မင်း ညက ခေါင်းကိုက်တာ
သက်သာလား"

"သက်သာတယ် ညက ဟောဒီက Jaehyun hyung
က ကျွန်တော့်ကို ဂရုစိုက်ပေးထားတာ သူ့အခန်းနဲ့
ကျွန်တော့်အခန်းက နီးတယ်လေ ဟီး "
"Jaehyun hyung ကျေးဇူးနော် "

မမြင်ရတာ ကြာသလိုရှိနေတဲ့ ပါးချိုင့်ရေးရေးလေးကို
မြင်လိုက်ရတော့ သူ့ရဲ့ စိတ်တွေက ထပ်ပြီး အုံ့မှိုင်းသွား
ရသည်  ဒီအချိန် ခနလေးမှာပဲ သူ့ရဲ့အတွေးတွေက
ဟိုတစ ဒီတစ ညတုန်းကအိမ်မက်က သိမ်ငယ်စိတ်ဆို
အခုလက်ရှိကတော့ အကြောက်တရားတခုပဲဖြစ်လိမ့်မယ်

The Thing I Hate Where stories live. Discover now