Basketball ပြိုင်ပွဲကျင်းပမည့် hallထဲတွင် အားပေးမည့်သူများစုံလင်လုနီးပါး...ထိုအထဲတွင်အနုပညာကျောင်းမှ ကောင်မလေးအများစုမှာလဲသူတို့ကျောင်း၏ပေါ်ပြူလာဖြစ်သော ပတ်ဂျောင်ဝူးကိုတခဲနက်အားပေးရန် ရောက်နေကြပြီဖြစ်သည်။
ပတ်ဂျောင်ဝူးတို့အဖွဲ့ဝင်လာသည်နှင့် ကောင်မလေးများ၏အော်ဟစ်သံမှာကျယ်လောင်စွာထွက်ပေါ်လာသည်။ဂျောင်ဝူးကိုယ်တိုင်လည်း ပရိတ်သတ်များရှိရာသို့မျှော်လင့်ချက်များဖြင့် တစ်ချက်ဝေ့ကြည့်လိုက်စဉ် ရှေ့ဆုံးတန်းမှာထိုင်ကာ မိမိကိုလှမ်းကြည့်နေသည့်သူနှင့်အကြည့်ချင်းဆုံမိတော့ ခြေလှမ်းများကထိုပုံရိပ်လေးဆီသို့အပြေးအလွှား...။
"အားးးးးပတ်ဂျောင်ဝူးကငါတို့ဆီလာနေတာလား ကျောင်းမှာအမြဲတွေ့နေကြပေမဲ့ ဒီနေ့ပိုချောနေသလိုဘဲဟာ"
"ဟဲ့ ဘာတွေမျှော်လင့်နေတာလဲ..ငါတို့ဆီသူကဘာလို့လာမှာလဲ..နင့်မျက်လုံးကိုပြူးကြည့် သူဦးတည်နေတဲ့နေရာကငါတို့ဘက်ဆိုပေမဲ့ အကြည့်တွေအပြုံးတွေကငါတို့ဆီမှာမဟုတ်ဘူး"
"ဟုတ်ပဟယ် သူငယ်ချင်းတွေကြားစနောက်နေတဲ့အချိန်မှမဟုတ်ရင် ဒီလိုပြုံးနေတာကိုမြင်ရတာပထမဆုံးပဲဟ"
ကောင်မလေးများ၏မတိုးမကျယ်အသံများကို ဂျယ်ဟော့တစ်ယောက်ကြားနေရသည်။သူစရောက်ကတည်းကကောင်မလေးအများစု၏လက်ထဲတွင် 'ပတ်ဂျောင်ဝူးဖိုက်တင်း'ဟုသောစာသားများကိုကိုင်ဆောင်ထားကြတာမြင်တော့ ကျောင်းမှာအတော်နာမည်ကြီးတာဘဲဟုတွေးလိုက်မိသည်။
"အစ်ကို!တစ်ကယ်လာတယ်နော်"
အသံနဲ့အတူအနားရောက်လာသောကောင်လေးက မနေ့ကနှင့်မတူဘဲမျက်နှာလေးကရွှင်နေပါသည်။
YOU ARE READING
Watching Sunset With You Is Enough (Completed)
Fanfictionကိုယ့်ဘဝမှာသဘာဝတရားကြီးကိုငေးကြည့်ပြီးရှင်သန်နေရယုံနဲ့ကျေနပ်နိုင်ပြီထင်ခဲ့တာ မင်းနဲ့တွေ့ပြီးတဲ့အခါမှာတော့ အတွေးတွေပြောင်းလဲသွားခဲ့ပြီ ။ သေချာပါတယ်...... ~မင်းကိုပိုင်ဆိုင်ရပြီး နေဝင်ချိန်တိုင်းမှာအတူရှိနေနိုင်မှကျေနပ်နိုင်တော့မယ်ထင်တယ်~