4 years later..........!
သာယာလှတဲ့မနက်ခင်းလေးနဲ့လိုက်ဖက်ညီစွာပဲအဝါရောင်ကျူးလစ်ပန်းလေးတွေကစားပွဲပေါ်တွင်လှလှပပလေးနေရာယူထားသည်။ထိုစားပွဲဘေးရှိ ကုတင်ပေါ်တွင်နွေးထွေးစွာဖက်၍အိပ်မောကျနေသောကောင်လေးနှစ်ယောက်ထဲမှတစ်ယောက်ကအရင်ဆုံးနိုးလာခဲ့သည်။အရင်နိုးလာသောကောင်လေးကသူမျက်နှာအပ်ထားရာရင်ခွင်ကျယ်ကြီးကိုခပ်ဖွဖွနမ်းရင်းဖြေးညင်းစွာအိပ်ယာပေါ်မှာဆင်းသွားတော့သည်။
အိပ်ယာထက်မှကောင်လေးသည်လည်း လစ်ဟာသွားသည့်ခံစားချက်ကြောင့်နိုးလာသော်လည်းအိပ်ရေးမက်တာကြောင့်ပြန်လည်အိပ်မောကျသွားတော့သည်။
A Few minutes later...
"ကလေးထတော့လေ အလုပ်သွားရမယ်လေ"
ဂျယ်ဟော့ကမနက်စာအတွက်ပြင်ဆင်ပြီးလို့အခန်းထဲပြန်ဝင်လာပေမဲ့ဂျောင်ဝူးကအခုထိမထသေးပေ။အခုထိကလေးလိုပင်အအိပ်မက်သောကောင်လေးကြောင့် ဂျယ်ဟော့ပြုံးမိပြန်ပါသည်။
"ကလေးလေး အလုပ်နောက်ကျမယ်နော် ထတော့လေ "
"honeyကလဲ အိပ်ချင်သေးတယ်ဆို"
"မရဘူးထကွာ ကိုယ်ဘာမှာထားလဲ?အလုပ်ကိုဘယ်တော့မှနောက်မကျရဘူးဆိုပြီးတော့ပြောထားတယ်မလား"
"ထမယ်!ထမယ်..."
စူပုတ်နေတဲ့မျက်နှာ၊မပြေမလည်လေသံနဲ့ပြောကာအိပ်ယာပေါ်ကဆင်းသွားတဲ့ကောင်လေးကြောင့် ဂျယ်ဟော့ကြောင်သွားရသည်။ဒါကဘလိုအပြုအမူပါလိမ့်။သူဒုတိယနှစ်စတက်ကတည်းကအတူတူနေဖြစ်ကြတာကြောင့် မနက်ခင်းတိုင်းအိပ်ယာနိုးပေးရပေမဲ့ ဒီလိုတစ်ခါမှမဖြစ်ဖူးပါ။
"မနက်တိုင်းပေးနေကျ morning kissလေးလိုချင်လို့မထတာကို honeyမသိဘူးမလား"
"ဒုန်း!"
ပြောပြောဆိုဆိုနဲ့ရေချိုးခန်းတံခါးကိုဆောင့်ပိတ်သွားတာကြောင့်ဂျယ်ဟော့ရယ်မိပြန်ပါသည်။ရယ်နေတာသိရင်ပိုစိတ်ဆိုးအုံးမဲ့ကလေးက 24တောင်ပြည့်ပြီးပြီဆိုတာ သူကိုယ်သူသတိရပါရဲ့လား။
____________________
"ကလေးလာ မနက်စာအဆင်သင့်ဖြစ်ပြီ ပူတုန်းသောက်လိုက်အုံး"
YOU ARE READING
Watching Sunset With You Is Enough (Completed)
Fanfictionကိုယ့်ဘဝမှာသဘာဝတရားကြီးကိုငေးကြည့်ပြီးရှင်သန်နေရယုံနဲ့ကျေနပ်နိုင်ပြီထင်ခဲ့တာ မင်းနဲ့တွေ့ပြီးတဲ့အခါမှာတော့ အတွေးတွေပြောင်းလဲသွားခဲ့ပြီ ။ သေချာပါတယ်...... ~မင်းကိုပိုင်ဆိုင်ရပြီး နေဝင်ချိန်တိုင်းမှာအတူရှိနေနိုင်မှကျေနပ်နိုင်တော့မယ်ထင်တယ်~