"ကိုကို......"
"................."
"ကိုကို....လို့!!"
"ဟင်...အင်း ပြောလေဟွန်းလေး ဘာဖြစ်လို့လဲဗိုက်ဆာနေပြီလား "
ဒီနေ့ကျောင်းပိတ်ရက်ဖြစ်လို့ ဂျီဟွန်းကကိုကို့ဆိုင်မှာရောက်နေတာဖြစ်သည်။နေ့လည်စာအတူထွက်စားဖို့ရာ ကိုကို့အလုပ်မပြီးသေးသောကြောင့် အခုထိမသွားရသေးပေ။Mac bookကိုရှေ့ချကာ တွေတွေလေးစဉ်းစားနေတာကြောင့် ခေါ်လိုက်သော်လည်းမကြားပါ။
"ကိုကိုနော် ဘယ်သူ့အကြောင်းတွေးနေတာလဲ"
"ဟောဗျာ....မျက်မှောင်ကြီးကြုံ့ပြီး ဘာဖြစ်တာလဲဟွန်းလေးရဲ့ ဒီတိုင်းဟိုဟိုဒီဒီတွေးနေမိတာပါ"
"ဟုတ်လို့လား အရင်ဆိုအာရုံစိုက်ပြီး designဆွဲနေရင်တောင် ဒီလိုနှစ်ခါမခေါ်ရပါဘူး ကိုကိုနော် ကျွန်တော်မဟုတ်ဘဲဘယ်သူ့အကြောင်းတွေးနေတာလဲပြော"
"ဟော...ဗိုက်ဆာနေလို့ ရစ်နေတာလားဟွန်းလေး လာသွားစားကြမယ်"
"ကိုကိုနော် မရပါဘူး ဒီကိုပြန်လာ"
"အင့်!"
စကားလမ်းကြောင်းလွဲသလိုလုပ်ပြီးထရပ်လိုက်တဲ့ကိုကို့ကို လှမ်းဆွဲလိုက်တော့ ကျွန်တော့်ထက်လူကောင်သေးတဲ့ကိုကိုက ရင်ခွင်ထဲကိုအင့်ခနဲပြုတ်ကျလာသည်။အလုပ်လုပ်နေတဲ့သူအနားကိုမကပ်ရတာနာရီအတော်ကြာပြီမို့ အလွတ်ပေးပဲဖက်ထားလိုက်သည်။
"ကိုကိုနော် စကားလမ်းကြောင်းလွဲတာလား"
"မဟုတ်ရပါဘူး ဟွန်းလေးဗိုက်ဆာနေမှာဆိုးလို့ပါ လွှတ်ပါအုံးရုံးခန်းထဲမှာလေကွာ"
YOU ARE READING
Watching Sunset With You Is Enough (Completed)
Fanficကိုယ့်ဘဝမှာသဘာဝတရားကြီးကိုငေးကြည့်ပြီးရှင်သန်နေရယုံနဲ့ကျေနပ်နိုင်ပြီထင်ခဲ့တာ မင်းနဲ့တွေ့ပြီးတဲ့အခါမှာတော့ အတွေးတွေပြောင်းလဲသွားခဲ့ပြီ ။ သေချာပါတယ်...... ~မင်းကိုပိုင်ဆိုင်ရပြီး နေဝင်ချိန်တိုင်းမှာအတူရှိနေနိုင်မှကျေနပ်နိုင်တော့မယ်ထင်တယ်~