Chapter -8

204 26 10
                                    

လိုက်ကာများကြားထဲမှ နေရောင်ခြည်အချို့သည် လက်ချောင်းထိပ်လေးများသာဖော်၍‌ ခေါင်းမြီးခြုံအိပ်နေသောကောင်လေးပေါ်သို့ ဟိုတစ်ပြောက်ဒီတစ်ပြောက်...။ညနက်တဲ့အထိအိပ်မပျော်ဘဲ မိုးလင်းခါနီးမှအိပ်ပျော်သွား၍ ဂျယ်ဟော့က အခုထိမနိုးသေး။

>>ဒူ.....ဒူ....ဒူ...<<📞

မရပ်မနားမြည်နေသည့်ဖုန်းသံကြောင့် အိပ်ချင်မူးတူးနဲ့‌ခေါ်ဆိုသူကိုကြည့်လိုက်တော့ ပတ်ဂျီဟွန်း။

"ဟယ်လို...ပြော"

"အသံက မင်းအခုထိမထသေးတာလား"

"အင်း...ညကအိပ်မပျော်လို့"

"ညစာအတူသွားစားလာပြီး အိပ်မပျော်လောက်အောင် ဘာတွေဖြစ်ခဲ့ကြလဲပြောစမ်း"

"အင်း....ငါ့ကိုချစ်တဲ့အကြောင်းပြောတယ်"

"အင်းဟုတ်လား...ဟမ်!!!"

"အာ...ဂျီဟွန်း ငါ့နားကွဲတော့မယ် ဖြေးဖြေးအော်ပါကွ"

"ရိပ်မိနေပေမဲ့ အဲ့လောက်သွက်မယ်လို့မှမထင်တာကွ ဟားဟား ငါ့တပည့်ကဟုတ်လှချည်လား ငါ့ထက်တောင် ‌ခြေလှမ်းသွက်ပါလား"

"‌အဲ့မှာရီနေလိုက်တော့"

"အဟမ်း မရီတော့ဘူးကွာ..ငါအရမ်းသိချင်နေပြီ ဆက်ပြော ဘာဆက်ဖြစ်လဲ"

"ဘာဆက်ဖြစ်ရမှာလဲအဲ့ဒါပဲလေ"

"ဟမ် အဖြေပြန်မပေးလိုက်ဘူးလား"

"အင်းပေးမှာပေါ့ အခု‌ချက်ချင်းတော့မဟုတ်သေးဘူး...ငါလွယ်လွယ်နဲ့မစတင်ချင်ဘူး..သူ့ကိုလုံးဝမယုံတာမဟုတ်ပေမဲ့ ငါစောင့်ကြည့်ချင်သေးတယ်"

"အင်း ငါနားလည်ပါတယ်...သူကအခုမှတက္ကသိုလ်ကျောင်းသားပထမနှစ်ဆိုတော့ မင်းတွေးပူနေတာလဲဖြစ်သင့်ပါတယ်..အဆင်ပြေပါစေကွာ"

"အင်း မင်းဖုန်းဆက်တဲ့ကိစ္စပြောအုံးလေ"

"ဟုတ်သားပဲ ကိုကိုကဆက်ခိုင်းလို့...အလုပ်ကိစ္စအတွက်ဆုံကြမယ်တဲ့..အဲ့ဒါမင်းအားလားမေးခိုင်းလို့"

Watching Sunset With You Is Enough (Completed)Where stories live. Discover now