"ကလေး"
ဂျောင်းဝူးတစ်ယောက်တည်းအဝေးကိုငေးကာတွေးနေတုန်း ဂျယ်ဟော့အနားသို့ရောက်လာပြီး ဂျောင်ဝူးရဲ့လက်ကလေးကိုကိုင်ကာ.....
"ကိုယ့်ကိုစိတ်ဆိုးနေတာလား"
"............"
"ဟိုအမကကိုယ့်ဘေးနားမှာလဲသွားလို့ထူပေးတာပါ အဲ့ဒါကိုစိတ်ဆိုးနေတာလားကလေးလေး"
"စိတ်ဆိုးနေတာမဟုတ်ဘူး...ကျွန်တော်ဘာဖြစ်နေလဲသိရက်နဲ့လျစ်လျူရှူ့ထားတာကိုစိတ်မကောင်းဖြစ်တာ...လက်ကိုင်ပြီးထူပေးလိုက်တာက သူများကိုကူညီတာမှန်းသိပေမဲ့ သဝန်တိုတဲ့စိတ်ဖြစ်မိတယ်လေ...အလုပ်လုပ်နေရင် အစ်ကိုကကျွန်တော့်ကိုမေ့ပစ်ထားပြီး သူစိမ်းလိုမျိုးပစ်ထားတယ်...ဘယ်သူမှမကြားနိုင်တဲ့ ဧရိယာအတွင်းတောင် ကလေးလို့မခေါ်ဘူး...ကျွန်တော်နဲ့ချစ်သူဖြစ်နေတာ ဘယ်သူ့ကိုမှမသိစေချင်ဘူးလားဆိုတဲ့အတွေးကို မတွေးချင်ပေမဲ့လဲတွေးမိနေတယ်....ပြီးတော့ ကျွန်တော်......"
"ဟင့်အင်း ဆက်မပြောနဲ့တော့"
ဂျောင်ဝူးနှုတ်ခမ်းကိုဂျယ်ဟော့ရဲ့လက်ချောင်းသွယ်သွယ်လေးများနဲ့ပိတ်လိုက်သည်။
"Honeyတောင်းပန်ပါတယ်နော်...ကိုယ်တို့ကိစ္စကို ဘာလို့လူတွေကိုဖုံးထားချင်ရမှာလဲ...ကိုယ့်ကလေးကိုသဝန်တိုလွန်းလို့တောင် ကိုယ်အပိုင်ဆိုပြီးကြေညာချင်နေတဲ့သူပါကွာ ...ကားပေါ်ကဆင်းတော့လဲ ကလေးကိုစချင်လို့တမင်မဖြေတာပဲရှိတယ်...ဂျီဟွန်းနဲ့အစ်ကိုဟွန်းဆော့က ပြုံးစိစိနဲ့ကြည့်နေလို့ ရှက်ပြီးကလေးလို့မခေါ်ရဲပဲ ဂျောင်ဝူးလို့ပဲခေါ်လိုက်မိတာပါ...နောက်ပြီးဘာလို့ကလေးကိုမေ့ထားရမှာလဲ ကိုယ့်ကလေးဘာဖြစ်နေလဲသိတာပေါ့ အရိပ်တကြည့်ကြည့်နဲ့ကြည့်နေတာကို...ဒါပေမဲ့ နှစ်ယောက်တည်းအိမ်ပြန်လမ်းမှအေးအေးဆေးဆေးချော့မယ်ဆိုပြီးထားလိုက်တာက ပစ်ထားသလိုဖြစ်သွားရင် ကိုယ့်အပြစ်ပါနော်"
YOU ARE READING
Watching Sunset With You Is Enough (Completed)
Fanfictionကိုယ့်ဘဝမှာသဘာဝတရားကြီးကိုငေးကြည့်ပြီးရှင်သန်နေရယုံနဲ့ကျေနပ်နိုင်ပြီထင်ခဲ့တာ မင်းနဲ့တွေ့ပြီးတဲ့အခါမှာတော့ အတွေးတွေပြောင်းလဲသွားခဲ့ပြီ ။ သေချာပါတယ်...... ~မင်းကိုပိုင်ဆိုင်ရပြီး နေဝင်ချိန်တိုင်းမှာအတူရှိနေနိုင်မှကျေနပ်နိုင်တော့မယ်ထင်တယ်~