Uni
နေ့လည်ဘက်နေ့လည်စာစားပြီးတဲ့အခါ Taehyungကအိမ်ပဲပြန်ပို့ပေးဆိုတော့ သူ့အိမ်ကိုပြန်ပို့ပေးခဲ့ပြီး Jungkookဦးတည်ရာ အန်တီလေးဆီကိုဖြစ်တယ်။ အကြောင်းအရာကတော့ တခြားထွေထွေထူးထူးမဟုတ်ဘဲ Taehyungရဲ့ဖုန်းနံပါတ်ကို လိုချင်တာကြောင့်မို့ပင်။Taehyungဆီကိုတိုက်ရိုက်တောင်းရင်လည်း စွာစိစိန်Kim Taehyungကဘာလို့တောင်းတာလဲ ဘာလဲစတဲ့မေးခွန်းပေါင်းစုံထုတ်ပြီးစစ်မေးနေအုံးမှာ။ အန်တီလေးရဲ့ ရုံးခန်းကိုရောက်တော့ Securityက အန်တီလေးရဲ့တူမှန်းသိနေတာမလို့ ဘာမှအရစ်ရှည်မနေဘဲတန်းဝင်ခွင့်ပေးပါတယ်။
"အန်တီလေး"
"ဘယ်ကနေဘယ်လိုလမ်းမှားပြီးရောက်လာတာလဲ Jeon Jungkook shi"
"အန်တီလေးဆီကိုပဲ လာတာပါနော်"
"အမလေး ဟုတ်ပါပြီရှင်.."
"အန်တီလေးကို မေးစရာရှိလို့"
"မေးလေ လာတယ်ဆိုကတည်းက တစ်ခုခုလိုချင်သိချင်နေလို့ လာမှန်းရိပ်မိပြီးသားပါနော် မေးမေး"
သူ့တူအကြောင်းက ကျမ်းကြေနေပြီဖြစ်တဲ့Minaက တပ်ထားတဲ့မျက်မှန်ကိုစားပွဲပေါ်ချပြီး Jungkookကိုခပ်နောက်နောက်ပြောရင်းစလိုက်တယ်။ တကယ်လည်း သူ့တူကလိုမှအနားလာကပ်တဲ့ကောင်ဆိုးလေးဆိုတာ သူသိနေတာပဲလေ။
"ဟိုတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကိုသိလား"
"ဘယ်တစ်ယောက်တုံး..သေသေချာရှင်းရှင်းလင်းလင်းပြောစမ်းပါဟယ်"
"အန်တီလေးရဲ့ ဒေါက်တာသူငယ်ချင်းလေ"
"ဒေါက်တာHoseokလား"
"ဟုတ်တယ် ဟုတ်တယ် သူ့ညီရဲ့ဖုန်းနံပါတ်"
"နင့်သူငယ်ချင်းဆို ဘာလို့ငါ့ဆီကလာတောင်းနေတာလဲ Jeon Jungkookရယ်..ငါကဘယ်လိုလုပ်သိမှာလဲ"
"စုံစမ်းခိုင်းပေးပါ့လားနော်"
ဘာကိစ္စအရှုပ်အရှက်တွေထပ်လုပ်ပြန်အုံးမလဲမသိတဲ့တူတော်မောင်ကြောင့် Minaရဲ့မျက်ခုံးလည်းခပ်လှုတ်လှုတ်ဖြစ်နေပေမဲ့ ပြဿနာကိုမီးထွန်းရှာတတ်တဲ့တူတော်မောင်ကို ချစ်တော့လည်း အကုန်မညည်းညူဘဲအလိုလိုက်မိနေတာ။ ချစ်စရာဆိူလို့ဒီတူလေးတစ်ယောက်ပဲရှိတာမလို့ ဟိုးငယ်ငယ်ကတည်းကသဲသဲတုန်အောင်အလိုလိုချစ်ပေးထားတာဖြစ်သည်။
YOU ARE READING
𝐓𝐡𝐢𝐧𝐠𝐬 𝐈 𝐍𝐞𝐯𝐞𝐫 𝐓𝐨𝐥𝐝 𝐘𝐨𝐮
Fanfictionတစ်ချိူ့သောအရာတွေကို နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာသော့ခတ်သိမ်းထားလိုက်တယ်.. အမှန်တရားနဲ့သွေဖယ်နေတာမလို့ ထယ်မသိလည်းအဆင်ပြေပါတယ်.. Jungkook x Taehyung